DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် အော်ဂဲနစ် သီးနှံများ စတင်စိုက်ပျိုး
DVB
·
February 5, 2017
ရေးမြို့တွင် အော်ဂဲနစ် သီးနှံများ စတင်စိုက်ပျိုး
1 / 5
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာမှာ အော်ဂဲနစ်ဆောင်းသီးနှံတွေ စတင်ပြီး စိုက်ပျိုးနေကြပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာမှာ အော်ဂဲနစ်ဆောင်းသီးနှံများ တွင်ကျယ် စွာထွက်ရှိလာစေရေးနဲ့ နိုင်ငံခြားပို့ ကုန်အရည်အသွေး ပြည့်မီရန်အတွက် စူပရင်းဘိုင်အိုတက် ကုမ္ပဏီက အော်ဂဲနစ်ဆောင်းသီးနှံပဲမျိုးစုံနဲ့ အခြားသီးနှံပင် စိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေနဲ့ သဘာဝမြေသြဇာအပြင် နည်းပညာများကို ပံ့ပိုးပေးနေနေပါတယ်။

“စိုက်ဧက ၁ ဧကလျှင် ငွေကျပ် ၁ သိန်းနဲ့အတူ သွင်းအားစု သဘာဝမြေသြဇာနဲ့ ရွက် ဖြန်းမြေသြဇာတွေကို ဆောင်းသီးနှံအတွက် စိုက်ပျိုးတောင်သူများကို ပံ့ပိုးနေပါတယ်။ ထွက်ရှိလာတဲ့ သီးနှံတွေကိုလည်း ကုမ္ပဏီကနေ မူလဒေသပေါက်ဈေးအတိုင်း ပြန်ဝယ်ယူမှာ ဖြစ်တယ်” လို့ စူပရင်း ဘိုင်အိုတက်ကုမ္ပဏီမှ ရေးမြို့နယ်ကိုယ်စားလှယ် ဦးမျိုးမြင့်က ပြောပါတယ်။

ရေးမြို့နယ်ယခင်က စိုက်ပျိုးတောင် သူတွေဟာ သြဂဲနစ်ဆောင်းသီးနှံပင် စိုက်ပျိုးဖို့ စိတ်ဝင်စားမှုမရှိခဲ့ပေမယ့် လက်ရှိမှာတော့ နည်းပညာ ပံ့ပိုးမှုရ ရှိလာတာအပြင် သေချာတဲ့ဈေးကွက်တွေ ရလာနိုင်လို့ အရင်ကထက် ပိုမိုစိုက်ပျိုးဖို့ စိတ်ဝင်စားလာနေပါတယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှဝင်းက ပြောပါတယ်

အော်ဂဲနစ်ဆောင်းသီးနှံစိုက်ပျိုးတောင်သူမှာ ၁၃ ဦးအထိ ရှိနေပြီး စိုက်ဧက ပေါင်း ၆၂ ဧက ရှိကာ အဆိုပါစူပရင်း ဘိုင်အိုတက်ကုမ္ပဏီမှ နည်းပညာနဲ့ သဘာဝမြေသြဇာအပြင် ငွေကိုပါ ကူညီထောက်ပံ့ ပေးထားလိုဆိုပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013