Home
မြန်မာသတင်း
မြိတ်မြို့တွင် အုတ်တင်ကား တိမ်းမှောက်၊ ၃ ဦး ဒဏ်ရာရ
DVB
·
February 4, 2017
car cri5
car cri4
car cri3
car cri2
car cri1
car cri
မြိတ်- ထားဝယ် ကျွဲကူးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁၁ နာရီလောက်က ကျွဲကူးဘက်ကနေ မြိတ်မြို့ကို မောင်းနှင်လာတဲ့ အုတ်တင်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါ ၃ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့ရပါတယ်။ အုတ်တင်ကားဟာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး ဂန္ဓမာတောင်ဘုရားအရှေ့မှာ ကျွဲကူးကျေးရွာဘက်မှ မြိတ်မြို့ဘက်ကို မောင်းနင်းလာစဉ် မော်တော်ဆိုင်ကယ်တစီးအား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့တာလို့ မျက်မြင်သက်သေ အမျိုးသားတစ်ဦးက ပြောပါတယ်။ ယာဉ်မဆင်မခြင် မောင်းနင်သူ မင်းစိုးသိန်းအား ယာဉ်(ပ) ၁၂/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ. ၃၃၇. ၃၃၈.၂၇၉ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြိတ်မြို့မရဲစခန်းရုံးမှ သိရပါတယ်။ သတင်း၊ ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024