DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ၃ ရက်ကြာ ရေပြတ်မည်
DVB
·
February 4, 2017
စစ်တွေမြို့တွင် ၃ ရက်ကြာ ရေပြတ်မည်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရေပိုက်လိုင်းတွေ ပြန်လည် အသစ်ပြုပြင်မှာဖြစ်တာကြောင့် ၃ ရက်ကြာ ရေပြတ်တောက်မယ်လို့ စစ်တွေမြို့စည်ပင်က မနေ့ညက ကြေညာလိုက်ပါတယ်။

စစ်တွေကန်တော်ကြီးမှ သွယ်တန်းထားတဲ့ မြို့ပတ်ရေပိုက်လိုင်းတွေဟာ ဟောင်းနွမ်းနေတာကြောင့် အသစ်ပြန်လဲမှာဖြစ်လို့ မနက်ဖြန်စပြီး ၃ ရက်ကြာ ပြတ်တောက်မယ်လို့ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်ကဒီဗွီကိုပြောပါတယ်။

“ရေပိုက်တွေ အသစ်ဆင်နေတာတွေ ရှိပါတယ်။ ဂျိုက်ကာအကူအညီ ချေးငွေကနေပြီးတော့ ကျနော်တို့ စစ်တွေမြို့ ရေပေးဝေရေးကို အသစ်ပြန်ပြီးတော့ ဆင်နေတာရှိတာလေ။ အဟောင်းနဲ့ အသစ်ကို ပြန်ဆပ်တဲ့အခါမှာ ၃ ရက် လောက်တော့ ပိတ်ရမယ်။ တချို့ရပ်ကွက်အလိုက်တော့ သုံးရက်လောက်စီ ဖြတ်ရမယ်။ မနက်ဖြန်ကစပြီးတော့ သုံးရက်ကြာရေပြတ်မယ်။”

အခုရေဖြတ်တောက်မှာနဲ့ ပတ်သက်လို့ မြို့နယ်ထဲက ရပ်ကွက်အလိုက် ကြိုတင်အသိပေးထားတွေ လုပ်ခဲ့ပြီး သုံးရက်တာရေတွေ သိုလှောင်ထားဖို့ကိုလည်း ကြိုတင်လှုံ့ဆော်တာတွေ၊ ရေအခက်အခဲဖြစ်တဲ့နေရာတွေကို ရေသယ်ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးဖို့ကို မြို့တော်စည်ပင်က လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုလို ပိုက်လိုင်းပြုပြင်မှုကို အချိန်အကန့်အသတ်နဲ့ ဘယ်ချိန်မှာပြီးနိုင်မယ်ဆိုတာ မပြောနိုင်သေးသလို သုံးရက်ကြာရေပြတ်လို့ပြီးတာနဲ့ ရပ်ကွက်အလိုက် အလှည့်ကျ ရေထပ်မံပြတ်တောက်သွားမယ်လို့ ပြောပါတယ်။

အခုလိုပိုက်လိုင်း အစားထိုးပြင်လည်ပြုပြင်နိုင်ဖို့ ဂျပန်ချေးငွေနဲ့ ပြည်ထောင်စု ဘတ်ဂျက်က ချပေးတာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ စစ်တွေမြို့ ရပ်ကွက်အချို့ ဒီနေ့စပြီး ရေပြတ်နေပြီလို့ သိရပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013