DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်း​ရေးလူထုလှုပ်​ရှားမှု နိုင်ငံအနှံ့ ပြုလုပ်ခဲ့ကြ
DVB
·
February 4, 2017
ငြိမ်းချမ်း​ရေးလူထုလှုပ်​ရှားမှု နိုင်ငံအနှံ့ ပြုလုပ်ခဲ့ကြ
1 / 6
Donate to DVB

ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုများကို ရန်ကုန်၊ ပြည်၊ မော်လမြိုင် စတဲ့ မြို့ကြီးတွေ အပါအ၀င် မြို့အတော်များများမှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ဒီနေ့မှာ စစ်ကြောင်း ၂ ခုနဲ့ ချီတက်ခဲ့ကြတာဖြစ်ပြီး မြေနီကုန်း-ဆူးလေ၊ တာမွေ ဗိုလ်စိန်မှန်ကွင်း-ဆူးလေ တို့ ဖြစ်ကြပါတယ်။

လမ်းလျှောက်ချီတက်ပွဲမှာ ပါဝင်သူ ကိုဝေဠုက “အဓိကကတော့ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးကို ပီပီပြင်ပြင် ဖော်ဆောင်ဖို့ နောက်ပြီး တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲပါတယ်ဆိုတာကို ကြေညာပေးဖို့" လို့ ပြောပါတယ်။

အလားတူ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုတွေကို ပဲခူး၊ ပြည်၊ နတ်တလင်း၊မော်လမြိုင်၊ ရွှေဘို၊ ပုလော၊ ပန်းတောင်း၊ ထားဝယ် စတဲ့ မြို့အတော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။

လူထုလှုပ်ရှားမှုအတွင်း ငြိမ်းချမ်းရေးကဗျာများ ရွတ်ဖတ်ခြင်း၊စစ်အသုံးစရိတ်နဲ့ စစ်ပွဲတွေရဲ့ အနိဌာရုံတွေအကြောင်း လက်ကမ်းစာစောင်တွေ ဝေငှခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်များ ရပ်တန့်ဖို့၊ စစ်ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီခွင့်ပေးဖို့၊ စစ်အသုံးစရိတ်များလျှော့ချဖို့ တပ်မတော်ကစတင်ပြီး အပစ်ရပ်စဲကြောင်း ကြေညာပေးဖို့ စတဲ့ အချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးစကားကို ထပ်ခါထပ်ခါ မကြာခဏ အော်အော်ပေးပါလို့ လူငယ်တွေကို ပြောခဲ့ဖူးပါတယ်။

ဓာတ်ပုံ - ကိုမောင်၊ ကိုဝေဠု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013