DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီအပေါ် ရာဇ၀တ်မှုကျုးလွန်မှုစွပ်စွဲချက် စုံစမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု
DVB
·
February 4, 2017
ဘင်္ဂါလီအပေါ် ရာဇ၀တ်မှုကျုးလွန်မှုစွပ်စွဲချက် စုံစမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု
1 / 2
Donate to DVB

ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်င်္ဂါလီတွေအပေါ် ရာဇဝတ်မှုကျုးလွန်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ စွပ်စွဲမှုအပေါ် စုံစမ်းစစ်ဆေးမှု လုပ်မယ်လို့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ကြောင်း အေဘီစီရဲ့အင်တာနက်စာမျက်နှာပေါ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ထဲက ရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရဲတွေက ရွာတွေကို မီးရှို့တာ၊ လူအုပ်စုလိုက် အဓမ္မပြုကျင့်တာနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုက ဖေဖော်ဝါရီလ ၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

“ကျနော်လွန်ခဲ့တဲ့ ၁ နာရီခွဲလောက်ကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခဲ့ပါတယ်။ ကျနော် သူ့ကို ဖုန်းခေါ်ခဲ့တယ်၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ ဒီလုပ်ရပ်တွေ အဆုံးသတ်ဖို့  ဘယ်နည်းလမ်းမဆို သုံးပြီး ဖိအားပေးဖို့ ပြောခဲ့တယ်” လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဇိဒ်ရက်ဒ်အယ်လ်ဟူစိန်က ပြောလိုက်ပါတယ်။

“သူမ ကျနော့်ကို ပြောတာက စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်၊ ဒီထက်ပိုတဲ့ သတင်းအချက်အလက်တွေ လိုအပ်ကောင်းလိုအပ်မယ်လို့ ပြောခဲ့တယ်လို့” လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။

သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “ဒါတွေက အလွန့်အလွန်ကို လေးနက်တဲ့ စွတ်စွဲမှုပါ။ ကျနော်တို့အနေနဲ့ကလည်း လေးလေးနက်နက်ကြီးကို စိုးရိမ်ပူပန်မိပါတယ်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ အဲ့ဒီနေရာမှာ ညှဉ်းပန်းနှိပ်စက်တာတွေ၊ အကြမ်းဖက် ဥပဒေချိုးဖေါက်မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အထောက်အထားရှိရင် ကျနော်တို့အနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပါမယ်”လို့  ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောအရေး စုံစမ်းစစ်ဆေးမှုကော်မတီကို ဒုတိယသမ္မတဦးမြင့်ဆွေ ခေါင်းဆောင် စစ်ဆေးနေပြီး စွပ်စွဲချက်တွေ ထပ်မံပေါ်ပေါက်လာလို့ သမ္မတက ကော်မရှင်ရဲ့အစီရင်ခံစာကို ရက်အကန့်အသတ်မရှိ တိုးပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013