DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် နွားအလှပြိုင်ပွဲ ပြုလုပ်
DVB
·
February 4, 2017
မုံရွာမြို့တွင် နွားအလှပြိုင်ပွဲ ပြုလုပ်
1 / 11
Donate to DVB

မုံရွာမြို့မှာ မြို့နယ်ပေါင်းများစွာ ပါဝင်တဲ့ နွားအလှပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ကစတင်ပြီး ပြုလုပ်ကျင်းပနေပါတယ်။

ပြိုင်ပွဲကွင်းပြင်ကို မုံရွာမြို့ရှိ ရွှေဇလုပ်ရပ်ကွက်ရဲ့ လယ်ကွင်းပြင်နေရာမှာ ပြုလုပ်ကျင်းပနေပြီး ပြိုင်ပွဲကိုတော့ ၄ ရက်တိုင်တိုင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"ပြိုင်ပွဲကို မည်သူမဆို မိမိရဲ့နွားကို ယုံကြည်တယ်ဆိုရင် လာရောက်ယှဉ်ပြိုင်လို့ရပါတယ်။ ပြိုင်ပွဲစည်းကမ်းအနေနဲ့ကတော့ နွားအလှဖြစ်တဲ့အတွက် ယှဉ်ပြိုင်ချိန်အတွင်း လမ်းမှာ ခြေဖောက်တာတို့နဲ့ဆိုင်တယ်။ ခြေဖောက်ရင် ကွင်းလယ်ဒိုင်က အလံပြမယ်။ ပန်းဝင်တာ နောက်ကျတာ၊ စောတာဆိုတာထက် နွားဟန်ချက်ပျက်ပြီး ခြေဖောက်ရင် အမှတ်လျော့မှာပဲပါတယ်။ လာပြိုင်တဲ့ အသင်းအရေတွက်ကတော့ ဒီပြိုင်ပွဲ ၄ ရက်အတွင်း တဖွဲ့ပြီးတဖွဲ့ဝင်ပြိုင်ဖို့ စာရင်းပေးနေကြတာဆိုတော့ အတိကျ မပြောနိုင်သေးဘူး" လို့ နွားအလှပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးဘိုအေးက ပြောပါတယ်။

နွားအလှပြိုင်ပွဲကို မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေအတွင်းက ကျေးရွာများမှ အများဆုံးလာရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အငယ်တန်းအဆင့်နဲ့ အကြီးတန်းအဆင့်ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။

"ကျနော့်နွားကို ကျနော်ယုံကြည်တယ်။ ဒါ့ကြောင့် အကြီးတန်းက ဝင်ပြိုင်ပါတယ်။ သိပ်ပြီး လေ့ကျင့်မပေးလိုက်ရဘူး။ အခုနွားကို ကျနော်ပိုင်ဆိုင်ကတည်းက အစာလည်း စနစ်တကျွေးမွေးတယ်။ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးပါတယ်။ ဒါ့ကြာင့် ပြိုင်တဲ့အခါမှာလည်း အခက်ခဲမရှိပါဘူး" လို့ အရာတော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုသိန်းဌေးက ပြောပါတယ်။

မုံရွာမြို့အတွင်းမှာ အခုလို နွားအလှပြိုင်ပွဲပြုလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာရောက်အားပေးတဲ့ မြို့ခံတွေလည်း အများပြားရှိခဲ့ပါတယ်။

မုံရွာမြို့နယ်အတွင်းက မဟာဗောဓိတစ်ထောင်ဘုရားအနီး ခရက္ကန်ကျေးရွာမှာတော့ တပို့တွဲလဆန်း ၁၂ ရက်နေ့မှာ နှစ်စဉ် နွားမောင်းပြိုင်ပွဲ ပြုလုပ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013