
မကွေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့မနက်ပိုင်းက စစ်ပွဲဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဆန္ဒပြကျောင်းသားက ပြည်တွင်းစစ် ချက်ချင်းရပ်၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စတဲ့စာသားရေးသားထားတဲ့ ပိုစတာ ကိုင်ဆောင် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီကျောင်းသားကို စခန်းမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူတို့က စခန်းကိုလိုက်ခဲ့ဖို့၊ ကားပေါ်တက်ဖို့ ပြောဆိုခဲ့တာကိုတွေ့ရပြီး ဆေးတက္ကသိုလ်ကျောင်းသားက သူ့ကို ဘာဥပဒေပုဒ်မနဲ့ ဖမ်းမှာလဲ၊ ဘာလို့လိုက်ရမှာလဲ မေးမြန်းနေတာ တွေ့ရပါတယ်။ ဒီနောက်မှာတော့ အဲဒီကျောင်းသားကို စခန်းမှူးနဲ့ လူတဦးတို့က တဖက်စီကိုင်ပြီး ကားပေါ်ခေါ်တင်သွားတာ တွေ့ရပါတယ်။
ရုပ်သံ - Ashin Issariya











