DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ၊ ကိုနေ၀င်းတို့အတွက် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့ဖြင့် ဆုတောင်း
DVB
·
February 4, 2017
ဦးကိုနီ၊ ကိုနေ၀င်းတို့အတွက် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့ဖြင့် ဆုတောင်း
1 / 7
Donate to DVB

ဦးကိုနီနဲ့ ကိုနေ၀င်းတို့ကို  ရည်စူးပြီးလုပ်တဲ့ ရက်လည်အခန်းအနားမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ နှစ်ဘာသာနဲ့ ဆုတောင်းခဲ့ပြီး ပရိသတ် ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ မနက်ပိုင်းကစပြီး ရန်ကုန်က ၄၁ လမ်းနဲ့ ၄၂ လမ်းကြား ကားပါကင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပါကင်အပြည့် ပရိသတ်တက်ရောက်တယ်၊ အန်အယ်လ်ဒီပါတီနာယက ဦးတင်ဦးလည်း လာတယ်လို့ ဈာပနအရေးကူညီလုပ်ဆောင်ပေးနေတဲ့ ဦးထွန်းကြည်က ပြောပါတယ်။

သူက “ဗမာလိုပဲ ဆုမွန်ကောင်းတောင်းတယ်၊ မေတ္တာပို့တယ်၊ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ပညာရာမိတ ကျောင်းတိုက်ဆရာတော် ဦးသီလ၀ံသ အမှူးပြုတဲ့ ဆရာတော်တွေက ငါးပါးသီလပေး၊ အမျှပေးဝေတယ်၊ တဘက်မှာလည်း အစ္စလာမ်ထုံးတမ်းစဉ်လာနဲ့အညီ ဆုမွန်ကောင်းတောင်းတယ်။”

ဒါ့အပြင် ထောပတ်ထမင်း၊ ကြက်သားဟင်းတို့နဲ့လည်း စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဖော်ဖော်ဝါရီ ၃ ရက်ကလည်း အမေရိကန်၊ ဗြိတိန်၊ တူရကီ၊ အိန္ဒိယ၊ တီမော စတဲ့ နိုင်ငံ ၁၀ ခု ထက်မနည်းက မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ ဦးကိုနီအိမ်ကို လာရောက်ပြီး မိသားစုကို သတင်းမေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့သူကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေ၀င်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013