DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သည့် အောင်ဝင်းဇော်ကို ဖမ်းမိ
DVB
·
February 4, 2017
ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သည့် အောင်ဝင်းဇော်ကို ဖမ်းမိ
Donate to DVB

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခဲ့မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အောင်ဝင်းဇော်ကို ဖမ်းဆီးမိကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီအား သေနတ်သမားကြည်လင်းက လုပ်ကြံသတ်ဖြတ်ခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့တဲ့ ကိုနေ၀င်းလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည်လင်အား စစ်ဆေးမေးမြန်းချက်အရနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေအရ ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်တဲ့ တရားခံ အောင်ဝင်းဇော် (၄၆) နှစ်ကို ဇန်န၀ါရီ ၃၀ ရက်က သံလွင်တံတားပေါ်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အောင်ဝင်းဇော်ဟာ ရန်ကုန်ကနေ မြ၀တီဘက်ကို ထွက်ခွာသွားကြောင်း အတည်ပြုချက် သတင်းရရှိလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ပြစ်မှုဖြစ်ပွားအပြီး ၁၂ နာရီအတွင်း ဇန်န၀ါရီ ၃၀ ရက်နေ့က သံလွင်တံတား (ဘားအံ) ဖမ်းဆီးမိခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းကွင်းဆက်ရရှိရေး ဆက်လက်ဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဆက်စပ်တရားခံတွေ ဖမ်းမိရေး စုံစမ်းဖော်ထုတ်နေကြာင်း၊ ဖော်ထုတ်ရရှိမှု အခြေနေတွေကိုလည်း ပြည်သူတွေထံ တင်ပြသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတွေကို အထူးသတိပြုကြဖို့နဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းတွေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တာတွေကို တွေ့ရှိပါက တာဝန်ရှိသူတွေကို အမြန်ဆုံး ဆက်သွယ် အကြောင်းကြားဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013