DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၃ ဦးအား တိုက်ပြီးထွက်ပြေးသည့် ကားသမားကို ဖမ်းမိ
DVB
·
February 3, 2017
မြန်မာအလုပ်သမား ၃ ဦးအား တိုက်ပြီးထွက်ပြေးသည့် ကားသမားကို ဖမ်းမိ
Donate to DVB

 

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်မြို့မှာ ဒီကနေ့မနက်က မြန်မာအလုပ်သမား ၃ ယောက်ကို တိုက်ပြီး ထွက်ပြေးသွားတဲ့ ကုန်တင်ကားမောင်းသူကို ဖမ်းဆီးရမိပြီလို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးတဲ့နောက် အဲဒီလမ်းပေါ်မောင်းနှင်ဖြတ်သန်းသွားတဲ့ ကုန်တင်ကား တွေကို ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းရှာဖွေရာမှာ နေ့ခင်း ၁၂ နာရီကျော်မှာတော့ အခင်းဖြစ်ပွါးရာနေရာနဲ့ ၆ ကီလို မီတာအကွာရှိ  ကားတာယာထုတ်စက်ရုံဝင်းအတွင်း ရပ်ထားတဲ့  ၁၈ ဘီးကားတစီးကို တွေ့ခဲ့တာလို့ ဖိုးထိကျောက်နယ်မြေရဲစခန်းက စခန်းမှူး ဆဒ်ဒီးဆရီ ကျောက်အိမ့်က သတင်းထောက် တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ အဲဒီကားမှာ သွေးအစအန၊ အသားစတွေ ပေကျံနေသလို ကားနံပါတ်ပြား မှာလည်း ဆံပင်တွေ ချိတ်နေတာတွေ့ရကြောင်း၊  ကားမောင်းသူမှာ အသက် ၃၇ နှစ်ရွယ် နိုင်းကျမ်းလောင်း ပေါ်ရီဘွန်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ကားမောင်းသမားထွက်ဆိုချက်အရ သူဟာ ကားစက်ရုံသုံးဓာတုပစ္စည်းတွေကို  သယ်ဆောင်ပြီး ဒီကနေ့မနက် ၃ နာရီအချိန်မှာ ချွန်းပူးရီးခရိုင်ကနေ ထွက်ခွာခဲ့ကြောင်း၊ အခင်းဖြစ်ပွားချိန်အရောက် ဘေးက ယှဉ်ပြီးလိုက်လာတဲ့ ဟိုင်းလပ်ကားတစ်စီးကို ရှောင်လိုက်သလို လူလည်း မိုက်ခနဲဖြစ်သွားပြီး  ငုတ်တခုခုနဲ့ တိုက်မိသလိုခံစားရကြောင်း၊ ဒါပေမယ့် လူတိုက်မိမှန်း မသိဘဲ ခရီးဆက်ထွက်ခွာလာပြီး စက်ရုံမှာ ကုန်ပစ္စည်းတွေ ချပြီးတဲ့နောက် ကားကို လှည့်ပတ် စစ်ဆေးရာမှာ လူတိုက်ခဲ့ပြီဆိုတာ သိလို့ ရဲစခန်းမှာသွားပြီး ၀န်ခံဖြောင့်ချက်ပေးမလို့ လုပ်စဉ် ရဲတွေက ဦးစွာ လာရောက်ဖမ်းဆီးခဲ့တာလို့  ပြောသွားပါတယ်။

ရဲစခန်းက နိုင်းကျမ်းလောင်းကို ပေါ့ဆစွာယာဉ်မောင်းမှု၊ ယာဉ်တိုက်မှုမှာ ကားပေါ်က ဆင်းပြီး အကူအညီမပေးဘဲ မောင်းပြေးမှု၊ သူတပါးအသက်ဆုံးရှုံးစေမှုတွေနဲ့  အမှုဖွင့်အရေးယူ သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013