DVB Logo
Home
မြန်မာသတင်း
ရခိုင်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး သမ္မတသီးသန့်ရန်ပုံငွေထဲမှ ကျပ်သန်း ၃၀၀၀ ကျော်သုံးရန် လွှတ်တော်သို့ တင်ပြ
DVB
·
February 3, 2017
ရခိုင်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး သမ္မတသီးသန့်ရန်ပုံငွေထဲမှ ကျပ်သန်း ၃၀၀၀ ကျော်သုံးရန် လွှတ်တော်သို့ တင်ပြ
Donate to DVB

သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ရခိုင်လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်း ၃၀၀၀ ကျော်သုံးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေကနေ သုံးစွဲဖို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က တင်ပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး၊ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်း ၁၈ ခုအတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၃၆၅၆ ဒသမ ၈၂၀ သန်း ခွဲဝေသုံးစွဲမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက တာဝန်ယူလုပ်ကိုင်မှာ ဖြစ်ပြီး လွှတ်တော်က ခွင့်ပြုပေးဖို့ အခုလို တင်ပြတာဖြစ်ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံ ရှိတဲ့အတွက် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန်ထိ ခွင့်ပြုပြီးပမာဏမှာ ကျပ် ၅၅ ဒသမ ၉၇၀ ဘီလီယံဖြစ်တဲ့အတွက် ကျပ် ၄၄ ဒသမ ၃၀ ကျန်ရှိသေးတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013