DVB Logo
Home
မြန်မာသတင်း
ကူညီပါရစေ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှုမရှိသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသွားမည်
DVB
·
February 3, 2017
ကူညီပါရစေ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှုမရှိသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသွားမည်
Donate to DVB

ကူညီပါရစေ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်မှုမရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စိစစ်အရေးယူသွားမယ်လို့  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပတဲ့  စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထနေ့မှာ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီရဲ့ ရဲစခန်းများ အနေနဲ့ ပြည်သူတွေရဲ့ တိုင်ကြားမှုတွေအပေါ်မှာ နှောင့်နှေးကြန့်ကြာနေတာ၊ တာဝန်ပေါ့လျော့နေတာ တွေနဲ့ပတ်သက်ပြီး မေးခွန်းတခု မေးမြန်းခဲ့ရာမှ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြန်လည် ဖြေကြားခဲ့တာပါ။


မေးခွန်းနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ရဲတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးနဲ့အညီ ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်နိုင်ရန်၊ ပြည်သူကိုဗဟိုပြုတဲ့ ရဲလုပ်ငန်းတွေကို အရင်ကထက် ပိုမိုအလေးထား ဆောင်ရွက်လာနိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ တာဝန်ကိုပေါ့လျော့စွာ ထမ်းဆောင်ခြင်း၊ ပျက်ကွက်ခြင်းတို့ ရှိနေသေးတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်လာဖို့ ပြည်သူတွေကို အလေးမထားတဲ့ တပ်ဖွဲ့ဝင်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဲမှူးအောင်မြင် ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့တွေနဲ့ စိစစ်ဆောင်ရွက်ပြီး ရဲစည်းကမ်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိသေးတာကြောင့် ပြည်သူကိုဗဟိုပြုတဲ့ ရဲလုပ်ငန်းတွေကို နိုင်နိုင်နင်းနင်း မဆောင်ရွက်နိုင်သေးတဲ့အပြင် ဖြစ်ပေါ်လာတဲ့ ဒုစရိုက်မှုတွေနဲ့ ပတ်သက်ပြီး တရားခံကို ဖမ်းဆီးအပြစ်ပေး အရေးယူနိုင်မှုတွေလည်း အားနည်းနေသေးပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ များစွာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013