DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်း ရှာဖွေတွေ့ရှိ
DVB
·
February 3, 2017
ဟုမ္မလင်းတွင် ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်း ရှာဖွေတွေ့ရှိ
1 / 4
Donate to DVB

ဟုမ္မလင်းမှာ ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်းကို ရှာဖွေတွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နမ်တောဒေသ ထိန်ကုန်းကျေးရွာအနီးမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က ရွှေတူးဖော်ရာမှ ကျင်းပိသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျင်းပိသေဆုံးရာမှာ ဦးသာဆွေ(၄၅-နှစ်)၊ ဦးမောင်စိုး(၄၀-နှစ်)၊ မောင်ပြည့်စုံအောင် (၈-နှစ်၊ ဒုတိယတန်းကျောင်းသား)၊ မငွေကြည် (၃၈-နှစ်)၊ မတင်ဇာဝင်း (၂၄-နှစ်)၊ မနန်းနန်း(ခ) မမာနူး(ခ) မသင်းသင်းလှိုင် (၂၁-နှစ်)နဲ့ ၂-လသားအရွယ် ယောက်ျားလေး ၁ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးခဲ့တာပါ။

သေဆုံးအလောင်းတွေကို ရှာဖွေရာ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ  မငွေကြည် (၃၈-နှစ်)ကို တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ  မနန်းနန်း(ခ)မမာနူး(ခ)မသင်းသင်းလှိုင် (၂၁-နှစ်)၊ မတင်ဇာဝင်း (၂၄-နှစ်) နှင့် ၂-လသားအရွယ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ဦးမောင်စိုး (၄၀-နှစ်)နဲ့ မောင်ပြည့်စုံအောင် (၈-နှစ်)တို့ကို ရှာဖွေတွေ့ရှိပြီး စုစုပေါင်း ၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဦးသာဆွေ (၄၅-နှစ်) ကိုတော့ ကျင်းပိနေရာ အတိကျမသိတာကြောင့် ဆက်လက်ရှာဖွေမှု မလုပ်တော့ဘဲ ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာဒေသမှာ ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအပါဝင် တာဝန်ရှိသူတွေလည်း  လာရောက်ပြီး ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံ ဦးအောင်စိုးသိန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013