DVB Logo
Home
မြန်မာသတင်း
အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာပြင်းထန်ရ
DVB
·
February 3, 2017
အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာပြင်းထန်ရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရုံးတက်လမ်း မီးသတ်ဦးစီးဌာနအနီး တောပ့်စားသောက်ဆိုင် ရှေ့မှာ ခိုက်ရန်ဖြစ်ပွားတဲ့အတွက် တဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်းထန် ရရှိသွားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရွှေမြန်မာ ထီဖြန့်ချိရောင်းဝယ်ရေးအဖွဲ့တွေ စီးနင်းလာတဲ့ကားနဲ့ ဒေသခံလူငယ်တဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့ရာမှာ တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။

“မနေ့ ၈ နာရီလောက် ဖြစ်ကြတာပါ။ ထီလာရောင်းတဲ့အဖွဲ့က ၁၁ ဦး ပါတယ်။ သူတို့ကားက ဒေသခံလူငယ်တဦး ဆိုင်ကယ်စီးလာတာကို မတော်တဆတိုက်မိတယ်။ အဲဒီမှာ တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ပွားပြီးတော့ ၇ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပါတယ်။ တဦးကတော့ ထိုးချက် ဒဏ်ရာကြောင့် သေဆုံးသွားပါတယ်” လို့ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ကျရဲတဦးက ပြောပါတယ်။

“အခုလို တဖက်နဲ့တဖက်ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ရွှေမြန်မာထီရောင်းလာတဲ့အဖွဲ့က ၅ ဦးနဲ့ ဒေသခံလူငယ် ၂ ဦး ပြင်းထန်ဒဏ်ရရှိသွားပြီး ကျောက်ဖြူပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်” လို့ ရဲစခန်းက ပြောပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရွှေမြန်မာထီရောင်းအဖွဲ့မှာ မောင်ချစ်ထွန်း (အသက် ၁၆-နှစ်)မှာ လည်ပင်းထိုးသွင်း ဒဏ်ရာတချက်နဲ့ သေဆုံးခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ ကျောက်ဖြူမြို့မရဲစခန်းက (ပ)၁၅၈/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၀၂/၃၂၆/၃၂၅/၁၄၄အရ အမှုဖွင့်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- စိုးမိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013