DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်
DVB
·
February 3, 2017
သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၈း၃၀ နာရီလောက်က ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ပါတယ်။

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာတာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသစံတော်ချိန် ၁၁း၁၅ နာရီမှာ ဆိုက်ရောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီရဲ. ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ. ဇနီးတို့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အထိ ချစ်ကြည်ရေးခရီး သွားရောက်နေတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နန်းတော်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့မှ ကြိုဆိုခဲ့ကြောင်းသိရပါတယ်။

သမ္မတနဲ့အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013