DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံရုံးက ကချင်စစ်ဘေးဒုက္ခသည်စခန်းများကို ကျပ်သိန်း ၃၀၀၀ လှူဒါန်း
DVB
·
February 3, 2017
အတိုင်ပင်ခံရုံးက ကချင်စစ်ဘေးဒုက္ခသည်စခန်းများကို ကျပ်သိန်း ၃၀၀၀ လှူဒါန်း
Donate to DVB

ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်စခန်းတွေကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ငွေကျပ်သိန်း ၃၀၀၀ ထောက်ပံ့လှူဒါန်းလိုက်ပြီး လှူဒါန်းငွေကို ကျန်းမာရေးအတွက် ဦးစားပေးစောင့်ရှောက်ပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အတိုင်ပင်ခံရုံးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို လှူဒါန်းလိုက်တာဖြစ်ပြီး ဌာနက အလှူငွေကို အကောင်းဆုံးဖြစ်အောင် လွတ်လွတ်လပ်လပ် ဆုံးဖြတ် လုပ်ဆောင်ပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်ရှိ လူကယ်ပြန်ဝန်ကြီးရုံးမှာ ပြုလုပ်ခဲ့တဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

“ကယ်ဆယ်ရေးစခန်းများမှာ နေထိုင်စဉ်အတွင်း အကျိုးတစ်ခုခုရစေချင်တယ်၊ ပညာတစ်ခုခု ရသွားစေချင်တယ်၊ ကလေးများသာမက လူကြီးများအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာများ ကို တတ်နိုင်သမျှ ပံ့ပိုးပေးစေချင်တယ်၊ ဒီလိုစခန်းမျိုးမှာ ဘယ်သူမှ ရေရှည် မနေချင် ကြဘူး၊ ဒါ့ကြောင့် အမြန်ဆုံး ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်အောင် လုပ်ပေးစေလိုတယ်။ အမျိုးသမီးများအား အိမ်မှာ နေထိုင်ပြီး လုပ်ကိုင်နိုင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာများ သင်ပေးစေလိုတယ်။ ဒါမှ နောင်ပြန်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ပြန်သွားရင် စခန်းမှာ နေထိုင်ခဲ့ရတာ အကျိုးမဲ့မဟုတ်ဘဲ မိမိတို့ ပညာတစ်ခု တတ်လာပြီ၊ အဲ့ဒီ ပညာနဲ့ မိမိတို့ဘ၀ ပိုပြီး ဖူလုံနိုင်အောင် လုပ်နိုင်တဲ့ အခွင့်အရေးများရပြီဆိုတဲ့ စိတ်ဓာတ်ဖြစ်စေလိုတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေ၊ ရောက်နေ ပိုမိုတိုးတက် နိုင်ရန်အတွက် နည်းလမ်းရှာပြီး ကူညီရမယ်၊ နယ်မြေတည်ငြိမ်သွားပြီ၊ လုံခြုံသွားပြီဆိုရင် မိမိတို့ ပြည်သူများက နောင် ယခုလိုစခန်း များတွင် နေရန် မလိုတော့ဘူးလို့ မျှော်လင့်တယ်၊ ဒါ့ကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်တယ်။ မိမိတို့နိုင်ငံ ငြိမ်းချမ်းမှ အခုလိုစခန်းများလည်း ပပျောက် သွားမယ်။ မပပျောက်မချင်း အခုလိုစခန်းများတွင် နေနေရသည့် ပြည်သူပြည်သားများ၏ အကျိုးကို ဆောင်ရွက်သွားရမယ်။”

အစိုးရတရပ်အနေနဲ့ စစ်ဘေးဒုက္ခသည်စခန်းများကို အခုလို ထောက်ပံ့ကူညီခြင်းဟာ ပထမဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013