DVB Logo
Home
မြန်မာသတင်း
တယ်လီနောကုမ္ပဏီက အနှေးယာဉ်များအား ကူညီပြုပြင်ပေး
DVB
·
February 3, 2017
Donate to DVB

‘တယ်လီနောကုမ္မဏီရဲ့ အနှေးယာဉ်များအား ကူညီပြုပြင်ပေးခြင်း’ အစီအစဉ်ကို လှိုင်မြို့နယ်မှာ ပြုလုပ်ပေးခဲ့ပါတယ်။

ဆက်သွယ်ရေးကုမ္မဏီတခုဖြစ်တဲ့ တယ်လီနောကုမ္မဏီရဲ့ အနှေးယာဉ်များအား ကူညီပြုပြင်ပေးခြင်း အစီအစဉ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့မနက်က ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းမှာ ပထမဆုံးအကြိမ် စတင်လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အနှေးယာဉ်ဆိုက်ကား ၂၅၀ အတွက် ဘီးကာဗာတွေ တပ်ဆင်ပေးတာ၊ ဆိုက်ကားတွေအတွက် ထီးတွေ တပ်ဆင်ပေးတာတွေကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

“လှိုင်မြို့နယ်မှာ ဆိုက်ကားပေါင်း ၁၅၀၀ လောက် ရှိတယ်။ အဲဒီလောက်ရှိတဲ့အထဲက ရှေ့ပြေးအနေနဲ့ ၂၅၀ လောက်ကို အခု တယ်လီနော Branding တွေ လုပ်ပေးခဲ့တယ်။ အကျိုးကျေးဇူးအနေနဲ့ဆိုရင်တော့ လုပ်ရတဲ့ရည်ရွယ်ချက်ပေါ့နော်။ ဆိုက်ကားလေးတွေလည်း သေသေသပ်သပ် ဖြစ်သွားတယ်။ စီးတဲ့လူတွေ၊ နင်းတဲ့လူတွေလည်း နေအရိပ်ထဲက အေးအေးသက်သာ စီးရတယ်ပေါ့။ ရန်ကုန်မြို့တော် သာယာလှပရေးအတွက်လည်း တဖက်တလမ်းက အထောက်အကူပြုပါတယ်။ ကျနော်တို့အနေနဲ့ ဒီလိုမျိုးရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာမှ Senior Expert, Corporate Communications ကိုအဲလက်စ်ညီညီအောင်က ပြောပါတယ်။

အနှေးယာဉ်လုပ်သားတွေကို ကူညီပြင်ဆင်ပေးတဲ့ အစီအစဉ်မှာ လှိုင်မြို့နယ်ထဲက အနှေးယာဉ်လုပ်သား အားလုံး မပါဝင်ခဲ့တာကြောင့် အနှေးယာဉ်လုပ်သားတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိပါတယ်။

ဒါ့အပြင် အနှေးယာဉ်တွေကို ပြင်ဆင်ပေးတာတွေ၊ အနှေးယာဉ်လုပ်သားတဦးကို ၅၀၀၀ ပေးတဲ့ ပုံစံကိုလည်း အတိအကျမသိရဘူးလို့ အနှေးယာဉ်လုပ်သားတဦးက ဆိုပါတယ်။

“ဒီအတိုင်းပဲ ကပ်ပေးမယ်၊ စာရင်းပေးဆိုပြီး စာရင်းပေးတဲ့သူ ကပ်ပေးသွားပြီးတော့ ပိုက်ဆံ ၅၀၀၀ ပေးသွားတယ်။ ကျနော်တို့ သိတာကတော့ ကြော်ငြာတဲ့အနေနဲ့ပေါ့။ အဲဒီလောက်ပဲ သိတယ်။ အခု ၅၀၀၀ ပေးတယ်လို့ပြောတာ ၁ လကို ၅၀၀၀ ပေးတာလား။ အခုအစီးရေ ၂၅၀ ထဲမှာ လာတဲ့အစီးတွေပဲ ရပြီးတော့ စာရင်းထဲကျန်တာတွေက ဘယ်နေ့ကို ချိန်းမှာလဲ။ နောက်လကျမှပေါင်းပြီးတော့ ၁ သောင်း ပေးမှာလား။ အဲဒါကို ကျနော်တို့က သိချင်တာ” လို့ အနှေးယာဉ်လုပ်သား ဦးညွန့်ဟန်က ပြောပါတယ်။

အခုပြုလုပ်ပေးတဲ့ အစီအစဉ်ကို ၁ နှစ်တာကာလအနေနဲ့ သတ်မှတ်ပေးထားပြီး အနှေးယာဉ်လုပ်သားတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် မူတည်ပြီး နောက်ထပ်အစီအစဉ်တွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013