DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းတွင် နေအိမ် ၅၀ ခန့်မီးလောင်၊ အမျိုးသား ၁ ဦး သေဆုံး (ရုပ်သံ)
DVB
·
February 3, 2017
မရမ်းကုန်းတွင် နေအိမ် ၅၀ ခန့်မီးလောင်၊ အမျိုးသား ၁ ဦး သေဆုံး (ရုပ်သံ)
Donate to DVB

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ မနေ့ညက မီးလောင်မှုကြောင့် လူနေအိမ် ၅၀ လောက်လောင်ကျွမ်းခဲ့ပြီး အမျိုးသားတဦး မီးလောင်သေဆုံးခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ဇေယျာခေမာလမ်းနဲ့ ဆွေဗမာလမ်းသွယ် (၅)ရှိ ၊ အမှတ် (စ/၃၇၁)  မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ မှာ စတင်လောင်ကျွမ်းခဲ့ပြီး ည ၁၀ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် အသက် ၈၇ နှစ်အရွယ် ဦးကျော်ခင် သေဆုံးခဲ့ပါတယ်။

“လောင်ကျွမ်းတဲ့ မီးကို မရမ်းကုန် မီးသတ်ယာဉ်နဲ့ နီးစပ်ရာ မီးသတ်ယာဉ်တွေအပါအဝင် ယာဉ် ၇ စီးနဲ့ မီးငြိမ်းသတ်ရာ ရပ်ကွက်အတွင်း ပြည်သူလူထုအားနဲ့ ည ၁၀ နာရီခွဲလောက်မှာ မီးညွန့်ကြိုးကာ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မီးသတ် တပ်ဖွဲ့က Level 2 အဆင့်သတ်မှတ်ခဲ့ပေမယ့် မီးများတဲ့အတွက် ည ၉ နာရီခွဲမှာ Level 3 အဆင့် ထပ်တိုးသတ်မှတ်ခဲ့ရပါတယ်။

မီးဘေးဒုက္ခသည်အိမ်ထောင်စု ၆၆ စုမှ ကျား ၂၁၄ ဦး၊ မ ၁၆၅ ဦး တို့ကို မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက် တေဇစက္ကိစ်ကျောင်းတိုက်မှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖေ့ဘွခ်စာမျက်မှာ ဖော်ပြထားပါတယ်။

သတင်း - စောအယ်ဒီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013