DVB Logo
Home
မြန်မာသတင်း
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တခုစီကို ကျပ်သိန်း ၅၀ စီပေးအပ်
DVB
·
February 2, 2017
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တခုစီကို ကျပ်သိန်း ၅၀ စီပေးအပ်
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်ကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ရေးအတွက် တမြို့နယ်စီကို ကျပ်သိန်း ၅၀ စီကို ရခိုင်ပြည်နယ်လွှတ်တော်ကနေပြီး ထုတ်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အဲဒီငွေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို ထုတ်ပေးတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေတဆင့် ကျေးရွာတွေမှာ လိုအပ်နေတာတွေ လုပ်ဆောင်ဖို့ အခုလို ထုတ်ပေးရတာလို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဒီဗွီဘီကို ပြောပါတယ်။

“ခန့်မှန်းကတော့ မြို့နယ်တခုစီကို သိန်း ၅၀ ထုတ်ပေးပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်ဒေသမှာ ဘာတွေ လိုအပ်နေတယ်။ ဘာတွေ ဖြည့်ဆည်းရမလဲဆိုတာ နည်းနည်းပါးပါးလုပ်ပေးဖို့အတွက် ထုတ်ပေးတာပါ။ အတိုင်းအတာတခုအနေနဲ့ ကိုယ့်ဒေသ ကျေးရွာတွေ၊ ကျောင်းဆောက်တာတွေ၊ တံတားဆောက်တာတွေအတွက် လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်ပေးဖို့ ထုတ်ပေးတာပါ။ အဲဒီငွေတွေကို ရခိုင်ပြည်နယ်မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို တမြို့နယ်ကို သိန်း ၅၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့နေရာမှာ လုပ်ပေးဖို့ ဇန်နဝါရီ ၁ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးကတော့ အဲဒီငွေတွေကို လက်ခံရရှိတာ မရှိသေးဘူး” လို့ သူက  ပြောပါတယ်။

ဒီငွေတွေနဲ့ ကျေးရွာတွေမှာ လိုအပ်နေတဲ့နေရာတွေမှာ ဖြည့်ဆည်းသွားဖို့ဆိုတာ ဘာမှ မဖြစ်နိုင်ဘူးလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းဒီဗွီဘီကို ပြောပါတယ်။

“ဒေသဖွံဖြိုးရေးအတွက်ဆိုပြီး ချပေးတာပါ။ ဒေသက တောင်းဆိုတဲ့အတိုင်း ချပေးတာပါ။ အသေးစားလုပ်ငန်းတွေ လုပ်ဖို့၊ ဆိုလိုတာက စာသင်ကျောင်းတွေ လိုအပ်နေတဲ့ စာသင်ခုံတွေ လုပ်ပေးရမှာပါ။ ချပေးတာကတော့ အရမ်းနည်းပါတယ်။ အောက်ခြေအဆင့်ကတော့ ကျေးရွာတွေ လိုအပ်နေတာ အများကြီးလေ။ ဒီလောက်ငွေလောက်နဲ့တော့ ဘာမှလုပ်လို့မရဘူး။ ဒါတွေနဲ့ စာသင်ကျောင်းအကြီး ဆောက်မယ်၊ လမ်းတွေဖောက်မယ် ဆိုတာကတော့ ဘယ်ဖြစ်မလဲ။”

ရခိုင်ပြည်နယ်လွှတ်တော်က ပိုလျှံတဲ့ ကျပ်သိန်းပေါင်း ၆၅၀၀ ကို ပြီးခဲ့တဲ့လက ပြည်နယ်အစိုးရကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ပြည်နယ်အစိုးရဲ့ အသုံးစရိတ်ပိုလျှံငွေ ကျပ်သန်းပေါင်း ၄၀၀၀ ထောင်နဲ့ပေါင်းပြီး ရခိုင်ပြည်နယ်မြို့ နယ်အချို့ကို အခုလို ခွဲဝေချပေးနေတာပါ။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013