DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲရှိ ဘဏ် ၂ ခု၏ ရှယ်ယာအရောင်းအဝယ် ကျဆင်း
DVB
·
February 2, 2017
ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲရှိ ဘဏ် ၂ ခု၏ ရှယ်ယာအရောင်းအဝယ် ကျဆင်း
Donate to DVB

ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲက ဘဏ် ၂ ခုရဲ့ ရှယ်ယာအရောင်းအဝယ်တွေရော ဈေးပါ ကျဆင်းနေပါတယ်။

ရန်ကုန် စတော့ရှယ်ယာဈေးကွက်ထဲက မြန်မာနိုင်ငံသားများဘဏ်နဲ့ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာအရောင်းအဝယ်ဈေးကွက် ပုံမှန်အနေအထားအောက်ကို ရောက်နေပါတယ်။

ဒီလို ဘဏ် ၂ ခုရဲ့ ရှယ်ယာအရောင်းအဝယ်တွေ ကျဆင်းနေတာဟာ ရှယ်ယာရှင်တွေရဲ့ စိတ်ဝင်စားမှု မရှိတာကြောင့်ပါလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

“ကျနော်တို့ ဒီက စတော့ရောင်းဝယ်သူတွေနဲ့ အပြင်က Customer တွေက ဒီ ၄ ခုမှာ အစဉ်အလိုက် စီနီယာစဉ်မယ်ဆိုရင်တော့ နံပါတ်တစ် အကြိုက်အများဆုံးက သီလဝါပေါ့။ နံပါတ်နှစ်က FMI ပေါ့။ နံပါတ်သုံးကတော့ ပထမပုဂ္ဂလိကဘဏ်နဲ့ မြန်မာနိုင်ငံသားများဘဏ် အဲဒီနှစ်ခုကတော့ အောက်ဘက်မှာ ဆင်းနေတာပေါ့နော်။ အခု ဈေးကွက်ကျတာ ကုမ္ပဏီတွေကြောင့် မဟုတ်ဘဲနဲ့ ဈေးကွက်မှာ အရောင်းအဝယ်တွေ အားနည်းတယ်၊ ယုံကြည်မှုတွေ အားနည်းတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သုံးသပ်တာပေါ့နော်” လို့ စတော့ရှယ်ယာရှင် ဦးကြည်ရှိန်က ပြောပါတယ်။

ရန်ကုန် စတော့ရှယ်ယာဈေးကွက်ထဲမှာ ကုမ္ပဏီ ၄ ခုရှိပြီး  ကျန်တဲ့ သီလဝါနဲ့ FMI ရှယ်ယာအရောင်းအဝယ်တွေကတော့ ပုံမှန်အနေအထား ရှိနေပါတယ်။

အချိန်အတိုင်းအတာတခုထိ စောင့်မှသာ ဘဏ်တွေရဲ့ ရှယ်ယာအရောင်းအဝယ်တွေက ကောင်းလာနိုင်တယ်လို့ ရှယ်ယာရှင်တွေက သုံးသပ်ပါတယ်။

“အခု ဒီမှာဆိုရင်တော့ စာရှင်းရှိကုမ္ပဏီမှာ လတ်တလော ဘဏ်က ၂ ခုရှိနေပြီ။ MCB နဲ့ FPB ဆိုပြီးပေါ့။ ဒါတွေ တချိန်မှာတော့ ပြန်ပြီး အရောင်းအဝယ်က နည်းနည်းလေး မာလာမယ်၊ စမတ်ဖြစ်လာမယ်လို့ ထင်ပါတယ်။ အခုလတ်တလောတော့ ဘဏ်ကလည်း စီးပွားရေးလုပ်ငန်းမှာ မပါမဖြစ်တဲ့ အဖွဲ့အစည်းတခုပဲ။ နွယ်နေတယ်လေ။ Links တွေ ရှိနေပါတယ်။ အဲဒီတော့ အချိန်ယူရမယ်ပေါ့။ ဘယ်ဟာမဆို ချက်ချင်းကြီး Transformation ကတော့ သိပ်ပြီးမဖြစ်ဘူး။ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားဖို့ ဖြစ်လာမယ်” လို့ စတော့ရှယ်ယာရှင် ဦးအေးမင်းက ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ သီလဝါရှယ်ယာတစုကို ကျပ် ၄၁၀၀၊ FMI ရှယ်ယာတစုကို ကျပ် ၁၄၀၀၀၊ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာဈေးက ကျပ် ၉၂၀၀ နဲ့ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ကျပ် ၃၀၅၀၀ ပေါက်ဈေး ရှိနေပါတယ်။

ရှယ်ယာအရောင်အဝယ်ဈေးကွက်ထဲမှာလည်း မြန်မာနိုင်ငံသားများဘဏ်က အစုရှယ်ယာ ၁၇၀၀ ဝန်းကျင်နဲ့ ပထမပုဂ္ဂလိကဘဏ်ကတော့ အစုရှယ်ယာ ၈၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013