DVB Logo
Home
မြန်မာသတင်း
ဦးကိုနီနှင့် ဦးနေ၀င်း မိသားစုအား လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းလှူဒါန်းမည်
DVB
·
February 2, 2017
ဦးကိုနီနှင့် ဦးနေ၀င်း မိသားစုအား လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းလှူဒါန်းမည်
Donate to DVB

ပြည်သူနဲ့ အမျိုးသားလွှတ်တော်က အန်အယ်လ်ဒီကိုယ်စားလှယ်များရဲ့ တရက်စာ နေ့တွက်စရိတ်များ စုပေါင်းပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေ၀င်းတို့ရဲ့ ကျန်ရစ်သူမိသားစုများကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်အထိ ငွေကျပ် သိန်း ၃၀ ရရှိထားပြီဖြစ်ပြီး အလှူငွေထည့်မယ့် ကိုယ်စားလှယ်များ ကျန်နေသေးတယ်လို့ ပဲခူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပုံက ပြောပါတယ်။

“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အကုန်လုံးက အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အနည်းဆုံး တယောက် တသောင်းပေါ့။ မန္တလေးတိုင်းတို့ စစ်ကိုင်းတိုင်းတို့ကတော့ တရက် နေ့တွက် နှစ်သောင်းစီ လှူတာပေါ့။ အကုန်အပြည့် မရသေးဘူး”

မိသားစုနှစ်စုကို ဘယ်လို ခွဲခြမ်းပြီး လှူဒါန်းမယ်ဆိုတာတော့ ပါတီက လူကြီးတွေပဲ ဆုံးဖြတ်ကြလိမ့်မယ်။ ဒီ စနေ၊တနင်္ဂနွေလောက် လှူဖြစ်မယ်လို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ တနင်္ဂနွေနေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့သူကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေ၀င်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

သူတို့နှစ်ဦး သေဆုံးပြီးတဲ့နောက် အထူးသဖြင့် တက္ကစီဆရာ ဦးနေ၀င်းရဲ့ မိသားစုကို ပြည်တွင်းရှိ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့ လှူဒါန်းနေကြပြီး အခု လွှတ်တော်ကိုယ်စားလှယ်တွေက လှူဒါန်းဖို့ ပြင်ဆင် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013