DVB Logo
Home
မြန်မာသတင်း
ကားမောင်းနှင်စဉ် ခါးပတ်မပတ်၍ အရေးယူသည့်အမှုပေါင်း ၁၅၀၀ ကျော်ရှိ
DVB
·
February 2, 2017
ကားမောင်းနှင်စဉ် ခါးပတ်မပတ်၍ အရေးယူသည့်အမှုပေါင်း ၁၅၀၀ ကျော်ရှိ
Donate to DVB

ကားမောင်းနှင်ချိန် ခါးပတ်မပတ်လို့ အရေးယူတာ ရန်ကုန်မှာ တလအတွင်း အမှုပေါင်း ၁၅၀၀ ကျော်ရှိတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကားတွေမောင်းနှင်တဲ့အခါ ခါးပတ်ပတ်ဖို့ ပညာပေးခဲ့ပြီး ဇန်နဝါရီ ၁ ရက်က စလို့ အရေးယူမှု စတင်ခဲ့တာပါ။

အမှတ် ၂၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဝင်းလွင်က “ဇန်နဝါရီ ၃၁ ရက်အထိ အမှုပေါင်း ၁၅၂၁ မှု အရေးယူခဲ့ရတယ်ပေါ့။ အရေးယူတဲ့ကာလမှာတော့ တချို့လည်း ရက်မသိဘဲ အမှုမဲ့ အမှတ်မဲ့ မပတ်မိတာ ရှိမှာပေါ့။ ဇန်နဝါရီလလယ်လောက်ကစပြီး အများစုက ပတ်လာကြတယ်။ မပတ်တာ နည်းနည်းပဲ ရှိပါတော့တယ်” လို့ ပြောပါတယ်။

အသက်ကယ်ခါးပတ်နဲ့ပတ်သက်ပြီး ဝေဖန်တာတွေရှိသလို အကြောင်းကြောင်းကြောင့် မတပ်ဆင်ရသေးတဲ့ ကားတွေလည်း ရှိနေပါသေးတယ်။

ဒါပေမယ့် ခါးပတ်မပတ်တာကို ဆက်ပြီး အရေးယူသွားမယ်လို့ ဒုတိယရဲမှူး ဝင်းလွင်က ပြောပါတယ်။

“တချို့ကလည်း အသက်ကယ်ခါးပတ်ပတ်ရင်ကော လုံခြုံမှာလားပေါ့။ တချို့လည်း အကြောင်းပြကြတယ်ပေါ့။ သတ်မှတ်တဲ့ အရှိန်အတိုင်းအတာမှာတော့ လုံခြုံပါတယ်။ ကားတစီးလုံး ကြေမွသွားအောင် တိုက်တာဆိုရင်တော့ မလုံခြုံဘူးပေါ့” လို့ သူက ဆိုပါတယ်။

၂၀၁၅ ခုနှစ်က တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ယာဉ်ကြောင့်ဖြစ်တဲ့ အသက်သေဆုံးနှုန်းကို လျှော့ချနိုင်ဖို့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ရည်မှန်းထားပြီး လိုက်နာရမယ့် အချက် ၇ ချက်မှာ အသက်ကယ်ခါးပတ် ပတ်ဖို့က ပထမဆုံးအဆင့် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013