DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာ၊ ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးမှုစတင်
DVB
·
February 1, 2017
မုံရွာတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာ၊  ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးမှုစတင်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြာဖြတ်ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွေကို မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်က မုံရွာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၄ အုပ်စုနှင့် မြို့ပေါ် ၃၁ ရပ်ကွက်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားပေးပါတယ်။

မဲစာရင်းတွေ အမှားပြင်ဆင်နိုင်ရန်အတွက် မဲစာရင်းတွေ လာရောက်ကြည့်ရှုကြဖို့ကိုလည်း ကျေးရွာ၊ ရပ်ကွက်တွေမှာ ဗွီနိုင်း၊ စတေကာတွေကပ်ပြီး လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မုံရွာမြို့နယ်ကိုယ်စားပြုအနေနဲ့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဝင်းမြင့်အောင်၊ တစည ပါတီမှ ဦးစိန်မောင်း (တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာသိန်းထိုက်ဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးညွန့်လှိုင်နဲ့ အန်အယ်လ်ဒီပါတီမှ ဦးညွန့်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမှာ ဖြစ်ပါတယ်။

"ကြားဖြတ်ရွေးကောက်ပွဲက လေ့လာမိသလောက်တော့ ပြည်သူတွေ စိတ်ဝင်စားမှု နည်းလာတယ်။ ယှဉ်ပြိုင်ကြမယ့်ပါတီအားလုံးကတော့ ပြိုင်ဘက်ကောင်းတော်တဲ့သူတွေချည်းပါပဲ။ လောလောဆယ်တော့ မဲစာရင်းနဲ့ပတ်သက်တဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပါပြီ" လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းဦးညွန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို မုံရွာမှာ စောင့်ကြည့်လေ့လာရေးအတွက် ကော်မရှင်ကို စာတင်ထားတာ ချင်းတွင်းအင်စတီကျု့တခုသာ ရှိပါသေးတယ်။ ချင်းတွင်းအင်စတီကျု့အနေနဲ့ တပ်တွင်းမဲရုံတွေကို အဓိကထားစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013