DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံသွားမည့် အလုပ်သမား ၂၀၀ ကျော် ယာယီရပ်ဆိုင်းခြင်းခံရ
DVB
·
February 1, 2017
ထိုင်းနိုင်ငံသွားမည့် အလုပ်သမား ၂၀၀ ကျော် ယာယီရပ်ဆိုင်းခြင်းခံရ
1 / 5
Donate to DVB

ထိုင်းနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာလုပ်သား ၂၀၀ ကျော်ဟာ ကုမ္ပဏီယာယီရပ်ဆိုင်းခံရတာကြောင့် အခက်အခဲတွေဖြစ်နေပြီး ဖေဖော်ဝါရီ ၁ ရက်က မြောက်ဒဂုံမြို့နယ်၊ လူထိပ်မိုး ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီရုံးမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

လူထိပ်မိုး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို အလုပ်သမား ညွှန်ကြားရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းနိုင်ငံကို အလုပ်သွားလုပ်မယ့် အလုပ်သမား ၂၀၀ ကျော် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ကုမ္ပဏီကို ဥပဒေအရ အရေးယူအပြစ်ပေးတာကို လက်ခံပေမယ့် လက်ရှိမှာ ထိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်ထားတဲ့ အလုပ်သမားတွေ များစွာနစ်နာနေတာကြောင့် အလုပ်သမားတွေ သွားခွင့်ရဖို့ အစိုးရကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလကစတင်ပြီး ထိုင်းနိုင်ငံကို အလုပ်သမား ၅၀ စေလွှတ်ဖို့ မြဝတီမြို့ကနေ သွားရောက်စောင့်ဆိုင်းနေပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်မရတာကြောင့် အလုပ်သမားတွေဟာ အခုချိန်အထိ ရန်ကုန်မှာ နေရာချထားပေးနေရတယ်လို့ ကုမ္ပဏီဘက်ကဆိုပါတယ်။

မြန်မာလုပ်သားတွေ စေလွှတ်ဖို့ ထိုင်းနိုင်ငံက အလုပ်ရှင်တွေနဲ့ စာချုပ်ချုပ်ထားပြီး အဲဒီလုပ်သားတွေဟာ စက်တင်ဘာလက စတင်ကာ ပြည်ပကို ထွက်ခွာဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အတွက် အလုပ်သမားတဦးကို စုစုပေါင်းကုန်ကျမှု ကျပ် ၁၀ သိန်းကျော် အထိရှိနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဒါ့အပြင် တချို့အလုပ်သမားတွေဟာ အလုပ်ရဖို့အတွက် ငွေတိုးတွေနဲ့ ယူလာရပြီး ချေးငွေအတိုးဟာ ငွေကျပ် ၁၀၀ ကို ၁၅ ကျပ် အထိ ပေးဆောင်နေရတာကြောင့် အလုပ်မရရင် သူတို့နေထိုင်ရာ ဒေသတွေကို မသွားတော့ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013