DVB Logo
Home
မြန်မာသတင်း
မိုးကောင်းတွင် ၁၀ ဘီးယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
DVB
·
February 1, 2017
မိုးကောင်းတွင် ၁၀ ဘီးယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈-မိုင်လမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မန္တလေးမှ ဖားကန့်ကို ၁၀ ဘီးယာဉ်နဲ့ သယ်ဆောင်လာတဲ့ ယမ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ အမိုနီယမ်နိုက်ထရိတ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးကောင်းမြို့မရဲစခန်းက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက်ည ၈ နာရီအချိန်က မိုးကောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးအေးကြူ နဲ့ တပ်ဖွဲ့ဝင်တွေ၊ ၈ မိုင် ပူးပေါင်းစစ်ဆေးရေးတာဝန်ကျ ရဲအုပ်အောင်မျိုးမင်းဦးစီးအဖွဲ့တို့က မိုးကောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မန္တလေးမှ ဖားကန့်ကို ယာဉ်မောင်း စိုးလှိုင်(ခ)မောင်စိုး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခွန်မင်းလတ်(ခ)ကိုလတ် လိုက်ပါလာတဲ့ Nissan အမျိုးအစား 2B/9726 ခေါင်းအညို၊ ဘော်ဒီစိမ်းဝါကြား ၁၀ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

ယာဉ်ပေါ်မှာ အမိုနီယမ်နိုက်ထရိတ်မြေဆီအိတ်များ တရားမဝင် တင်ဆောင်လာကြောင်း စိုးလှိုင်(ခ)မောင်စိုးရဲ့ ပြောပြချက်အရသိရှိရပြီး ယာဉ်အား မိုးကောင်းမြို့မရဲစခန်းကို ခေါ်ဆောင်ထိန်းသိမ်းထားရှိခဲ့ပါတယ်။

ယာဉ်ပေါ်ပါ ပစ္စည်းတွေကို ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ သက်သေ တွေနဲ့အတူ ဖွင့်ဖောက်စစ်ဆေးရာ အဖြူရောင်ဆာလာအိတ်များပေါ်မှာ တရုတ်စာတန်းပါ တရုတ်နိုင်ငံထုတ် အမိုနီယမ်နိုက်ထရိတ် မြေဆီအိတ် ၆၀၀ လောက် တွေ့ရှိရတာကြောင့် ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။

တရားမဝင်အမိုနီယမ်နိုက်ထရိတ်တွေ သယ်ဆောင်လာသူ စိုးလှိုင်(ခ)မောင်စိုးနဲ့ ခွန်မင်းလတ်(ခ) ကိုလတ် တို့ကို မိုးကောင်းမြို့မရဲစခန်းက (ပ)၁၁/၂၀၁၇ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ- ၈ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013