
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့က လုပ်ခလစာငွေထဲကနေ ငွေကျပ် ၆ သိန်းကို တက္ကစီယာဉ်မောင်း ကိုနေ၀င်းနဲ့ မိသားစုကို ထောက်ပံ့ငွေအဖြစ် မနေ့က ပေးအပ်ခဲ့ပါတယ်။
အငှားယာဉ်မောင်း ကိုနေ၀င်းဟာ အန်အယ်လ်ဒီရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခံတဲ့ သေနတ်သမားကို ဖမ်းဆီးမိဖို့ လုပ်ဆောင်ရင် အသက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
သမ္မတနဲ့ ဇနီးတို့က ကိုနေ၀င်းရဲ့ ကျန်ရစ်သူ သား ၃ ယောက်အတွက် တယောက်ကို ကျပ် ၂ သိန်းစီ ပညာရေး ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပါတယ်။
ထောက်ပံ့ငွေတွေကို နိုင်ငံတော်သမ္မတနဲ့ ဇနီးတို ကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးအောင်နိုင်က သွားရောက်ပေးအပ်ခဲ့ပါတယ်။











