DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း ဖေဖော်ဝါရီ ၁ ရက်တွင် ကပ်မည်
DVB
·
January 31, 2017
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း ဖေဖော်ဝါရီ ၁ ရက်တွင် ကပ်မည်
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေမှာ မဲစာရင်းတွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ကပ်ထားပေးမှာဖြစ်လို့ မဲစာရင်းမှာ နာမည် ပါ၊ မပါ သွားကြည့်ပြီး မပါရင် တောင်းဆိုကြပါလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ၂ ပတ်ကြာ ကပ်ထားပေးမယ့် မဲစာရင်းမှာ မိမိနာမည်မပါရင် ပုံစံ ၃ နဲ့ မဲစာရင်းမှာ နာမည်ထည့်ပေးဖို့ တောင်းဆိုကြပါလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံ အသိပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မဲစာရင်းမှာ မပါသင့်သူတွေ ပါနေတာတွေ့ရင် ပုံစံ ၄ နဲ့ ကန့်ကွက်ပါ။ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ ၄ - ဂ အရ ပြင်ဆင်လွှာတင်သွင်းပါ။ လိုအပ်တဲ့ပုံစံတွေကို ရပ်ကျေးကော်မရှင်တွေထံမှာ အခမဲ့ တောင်းယူပါလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲစာရင်းတွေကို အဲ့ဒီလို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းကို ကော်မရှင်က မတ် ၁၇ ရက်မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းကို အခြေခံပြီး ကြားဖြတ်အတွက် တအိမ်တက်ဆင်း မဲစာရင်းကောက်ယူ ကြေညာတာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက် ကျင်းပ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၉ ခုအတွက် ပါတီပေါင်း ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013