DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ လုပ်ကြံခံရမှု နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းဟု သမ္မတရုံး ပြော
DVB
·
January 31, 2017
ဦးကိုနီ လုပ်ကြံခံရမှု နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းဟု သမ္မတရုံး ပြော
Donate to DVB

ကနဦး စစ်ဆေးချက်များအရ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုဟာ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

သမ္မတရုံးရဲ့ ဇန်န၀ါရီ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ အစိုးရအနေနဲ့ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး လုံခြုံရေးအစီအမံတွေကို လည်း အထူးအလေးထား လုပ်ဆောင်နေတယ်။

‘ပြည်သူတွေအနေနဲ့လည်း ဒီဖြစ်စဉ်ကြောင့် အထိတ်တလန့် မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါ။ ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှုများကို အထူးဂရုပြုကြပါ၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုနဲ့ပတ်သက်လို့ ဖြစ်စေ ထူးခြားမှုများတွေ့ရှိရင် တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ် အသိပေးအကြောင်းကြားကြပါ’လို့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ကလည်း ဦးကိုနီမိသားစုနဲ့ထပ်တူ ၀မ်းနည်းကြောင်း ပြောလိုက်ပြီး ဒီဖြစ်စဉ်ဟာ လုံခြုံရေးကို အများကြီးထိခိုက်စေတာကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျုးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအထောက်အကူပြုရေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ တနင်္ဂနွေနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013