DVB Logo
Home
မြန်မာသတင်း
ဆုရဝတ်စုံ ၄၀ ကီလိုဂရမ်လေးကြောင်း ပြောခဲ့သည့် မြန်မာအလှမယ် (ရုပ်သံ)
DVB
·
January 31, 2017
ဆုရဝတ်စုံ ၄၀ ကီလိုဂရမ်လေးကြောင်း ပြောခဲ့သည့် မြန်မာအလှမယ် (ရုပ်သံ)
Donate to DVB

ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ထက်ထက်ထွန်းက အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

သူ့ရဲ့ သရုပ်ပြတင်ဆက်မှု မစတင်ခင်မှာ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ စတိဗ်ဟာဗေးက မေးမြန်းခဲ့ချိန်မှာ ဝတ်စုံရဲ့ အလေးချိန်ဟာ ၄၀ ကီလိုဂရမ်ရှိတယ်လို့ ဖြေလိုက်တာပါ။

“ဒါဟာ မြန်မာရုပ်သေးတိုင်သစ်ပင်ပုံစံပါ။ ရှင်တို့မြင်တဲ့အတိုင်းပဲ၊ ဒါဟာ လေးလံပုံရတယ် မဟုတ်လား” လို့ သူက မိတ်ဆက်ပြောခဲ့ချိန်မှာ စတိဗ်က တုံ့ပြန်မေးခွန်းထုတ်ခဲ့တာပါ။

“တကယ့်ကို လေးတာပေါ့ရှင်။ ကျမ ဒီဝတ်စုံကို ခုပဲ အမြန်ဆုံး လွှတ်ချလိုက်ချင်တာပဲ။ အလေးချိန်ဟာ ၄၀ ကီလိုဂရမ်လောက် ရှိပါတယ်ရှင်” လို့ သူက ဖြေလိုက်ချိန်မှာ ပရိသတ်တွေက အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ မြန်မာရုပ်သေးဝတ်စုံနဲ့ ကပြ သရုပ်ဖော်တင်ဆက်ခဲ့တာပါ။

အခုနှစ်ရဲ့ မယ်စကြာဝဠာပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး မယ်စ ကြာဝဠာအလှမယ်ဆုကို ပြင်သစ်နိုင်ငံသူ အိုင်းရစ်စ် မစ်တဲန်နေးက ရရှိခဲ့ပြီး ဟေတီအလှ မယ် ရာကွဲလ် ပဲလစ်ဆီရာနဲ့ ကိုလံဘီယာအလှမယ် အဲန်ဒရေယာ တိုဗာတို့က First Runner-up နဲ့ Second Runner-up ဆုတွေ အသီးသီးရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013