
ကိုနေ၀င်းအတွက် ဂုဏ်ယူစိတ်က နောက်မှ ဖြစ်လာကြောင်းနဲ့ သူ့အတွက်က အရင်ဆုံးရှုံးသွားတာဖြစ်ကြောင်း ဇနီးဖြစ်သူ မစုသက်ခိုင်က ပြောကြားလိုက်ပါတယ်။
“ကိုနေ၀င်းအတွက် ဂုဏ်ယူစိတ်ဆိုတာ နောက်မှဖြစ်လာတာပါ။ အစ်မအတွက်က အရင်ဆုံးရှုံးရတာပဲ။ အစ်မ ဆုံးရှုံးသွားပြီလေ၊ အစ်မမှာ သားသုံးယောက်ကျန်ခဲ့တယ်လေ” လို့ မစုသက်ခိုင်က ပြောပါတယ်။
ဇန်န၀ါရီ ၂၉ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာကို တားဆီးပေးရင်း တက္ကစီသမား ကိုနေ၀င်းလည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အခုလို အသက်ပေးဆပ်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင် တက္ကစီမောင်းသမား ကိုနေ၀င်းနဲ့ ၀ိုင်းဝန်ပံ့ပိုးသူတွေကို ချီးကျုး ဂုဏ်ပြုကြောင်း ကြေညာချက် ထုတ်ပြန် ပြောကြားထားပါတယ်။
လက်ရှိ မင်္ဂလာဒုံမြို့နယ်က ကိုနေ၀င်းရဲ့ နေအိမ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေကြပါတယ်။
သတင်းဓာတ်ပုံ - အိမမမွန်











