DVB Logo
Home
မြန်မာသတင်း
အဖေရယ်၊ သားရယ်၊ မြေးရယ် ပန်းချီပြပွဲ
DVB
·
January 29, 2017
အဖေရယ်၊ သားရယ်၊ မြေးရယ် ပန်းချီပြပွဲ
Donate to DVB

အဖေရယ်၊ သားရယ် မြေးရယ်လို့ နာမည်ပေးထားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ မိသားစုရဲ့ ပန်းချီပြပွဲကို ဇန်န၀ါရီ ၂၉ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ ပြသနေပါတယ်။

ဒီပန်းချီပြပွဲမှာ ပန်းချီဆရာကြီး ဦးသက်ညွန်ရဲ့ အသက်ကိုးဆယ်သက်တမ်းမှာ ဆွဲထားတဲ့ ပန်းချီကားပေါင်း ကိုးဆယ်နဲ့အတူ သားဖြစ်သူ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ မြေးဖြစ်သူ မွေ့သက်စံတို့ရဲ့ လက်ရာပန်းချီကားတွေကို စုပေါင်းပြသခဲ့တာပါ။

“အသက် ၉၀ ကျရင် ပန်းချီကား ၉၀ လုံးကို ပြပွဲလုပ်ချင်တယ်။ လုပ်ချင်တော့ စုတာပေါ့။ စုတော့ တကယ်လုပ်တော့ လုပ်တော့မယ်ဆိုတော့ လုပ်ခါနီးကျမှ သားက သူလည်းပါမယ်။ မြေးကလည်း သူလည်းပါမယ်တဲ့။ အဓိပ္ပာယ်ကတော့ ပိုကျယ်ပြန့်သွားတာပေါ့။ ဘာလို့လဲဆိုတော့ အမွေဆက်ခံတဲ့သူတွေ ရှိတဲ့သဘော” လို့ ပန်းချီဆရာ ဦးသက်ညွန့်က ပြောပါတယ်။

အဖေရယ်၊ သားရယ်၊ မြေးရယ်လို့ နာမည်ပေးထားတဲ့ မိသားစု ရေးဆွဲထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က New trusher art gallery မှာ ပြသနေတာပါ။

အနုပညာလက်ရာပေါင်းများစွာဖန်တီးနေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ နိုင်ငံရေးနဲ့ အနုပညာအပေါ်သူရဲ့ခံယူချက်ကိုပြောပြခဲ့ပါတယ်။

“အနုပညာက ကျနော်ထင်တယ်။ ဘယ်အလုပ်မှာမဆို ရာနှုန်းသာ ကွာရင်ကွာသွားမယ် နော်။ ပါကိုပါရလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူတွေကို စည်းရုံးပြီးလုပ်ရတဲ့ အလုပ်လေဗျာ။ အဲဒီအခါမှာ အနုပညာဆိုတဲ့ ရင်နဲ့မပို့ရင်တော့ မရောက်ဘူးလို့ ထင်တယ်။ အရင် ခေတ်အဆက်ဆက် ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကျဆုံးသွားတယ်ဆိုတဲ့ စနစ်တွေ၊ အစိုးရတွေဟာ ပိုစတာဆန်တဲ့ ကြွေးကြော်သံကြီးတွေနဲ့ လူတွေကို ခေါ်ဖို့ ကြိုးစားကြတယ်လို့ ကျနော်ထင်တယ်။ အဲဒီအခါကျတော့ လူတွေက တောင့်တောင့်ကြီးတွေ ဖြစ်သွားကြပြီးတော့ မပါကြတော့ဘူး။ တကယ်အနုပညာပါတဲ့ မိန့်ခွန်းတခုဟာ ကမ္ဘာတည်သရွေ့လည်းခိုင်တယ်၊ နှလုံးသားတွေမှာ လည်း စွဲမြဲတယ်၊ လူတွေလည်း လက်ဆင့်ကမ်းသွားတယ်ဗျ။ တခုတော့ ရှိတယ်ဗျ။ စိတ်စေတနာ မှန်ဖို့တော့ လိုမယ်ဗျ။ စိတ်စေတနာ မမှန်ရင်တော့ ဘာမှမရပါဘူး။”
ဒီပြပွဲကိုဇန်န၀ါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ ငါးရက်ကြာပြသမှာဖြစ်ပြီး နိုင်ငံကျော်ပန်းချီဆရာကြီးတွေ   ပန်းချီစိတ်ပါဝင်စားသူတွေနဲ့ နိုင်ငံရေး အနုပညာ နယ်ပယ်က စိတ်ပါဝင်စားသူတွေ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013