DVB Logo
Home
မြန်မာသတင်း
မြန်မာ - ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်း စိုက်ပျိုးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
DVB
·
January 29, 2017
မြန်မာ - ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်း စိုက်ပျိုးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
1 / 7
Donate to DVB

မြန်မာ - ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်   ရာဇဌာနီလမ်းမကြီးပေါ်ရှိ ဗိုလ်ရှုသဘင်အနီးမှာ ဒီနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

“ချယ်ရီပန်းဆိုတာဟာ ဂျပန်ယဉ်ကျေးမှုမှာ အင်မတန်မှ အရေးကြီးတဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။ ချယ်ရီများဟာ သစ္စာရှိရှိနဲ့ နှစ်တိုင်း ပြန်ပြီးတော့ ပွင့်ပါတယ်။ ကြာကြာမခံပါဘူး။ ခဏပဲ ပွင့်ပြီးတော့ ခဏပဲ ကြွေပါတယ်။ ဒါပေမယ့်လည်း အလှကတော့ ရှိနေသမျှ ခံနေသမျှ တင့်တယ်နေပါတယ်။ ဒါကြောင့်မလို့ ကျမတို့က ချယ်ရီပန်းတွေကနေ သင်ခန်းစာယူရမယ်ဆိုရင် ကိုယ်လူ့ဘ၀မှာ ရှိနေသရွေ့တော့ တင့်တယ်အောင်နေရမယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်းကို ကျမတို့ လှပအောင်ကြိုးစားကြရမယ်။ ပတ်ဝန်းကျင်လှပရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာတွင် မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်ပိုင်းဆိုင်ရာလည်း လှပတင့်တယ်ဖို့လိုပါတယ်။ ဒါကြောင့်မလို့ ကိုယ်လူ့ဘ၀မှာ ဘယ်လောက်ပဲ တိုတောင်းသည်ဖြစ်စေ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကိုယ်နေတဲ့ နိုင်ငံ ကိုယ်နေတဲ့ ကမ္ဘာကြီးအတွက် အကြိုးဖြစ်အောင်လုပ်သွားရမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ကျမတို့ ချယ်ရီပန်းတွေကို တန်ဖိုးထားတယ်ဆိုတာ ဒီအတွေးအခေါ်တွေကို တန်ဖိုးထားတာပဲဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

ဂျပန် - မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Ichiro Aisawa လည်း ချယ်ရီပန်းပင် စိုက်ပျိုးရခြင်းနဲ့ ပတ်သက်ပြီး အမှာစကားပြောကြားခဲ့ပါသေးတယ်။

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်အသီးသီးက ဥက္ကဋ္ဌတွေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013