DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားသူရဲကောင်း ဗိုလ်ကြွန်ဘိခ်အကြောင်း စာအုပ်ထုတ်ဝေမည်
DVB
·
January 28, 2017
ချင်းအမျိုးသားသူရဲကောင်း ဗိုလ်ကြွန်ဘိခ်အကြောင်း စာအုပ်ထုတ်ဝေမည်
Donate to DVB

ချင်းအမျိုးသားတော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ခ)ဗိုလ်ဆွန်ပက်နဲ့ ချင်းလူမျိုးတို့ရဲ့ နယ်ချဲ့ဗြိတိသျှတော်လှန်ရေးသမိုင်းစာအုပ်ကို ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ အမှီ ထုတ်ဝေသွားဖို့ ရှိနေပါတယ်။

သူရဲကောင်းဗိုလ်ကြွန်ဘိခ်(ခ)ဗိုလ်ဆွန်ပက်လို့ အမည်ပေးထားတဲ့ဒီစာအုပ်ကို ချင်းပြည်နယ်နဲ့ အခြားဒေသရှိ စာသင်ကျောင်းတွေမှာ အခမဲ့ပေးလှူသွားမယ်လို့ စာအုပ်ရေးသားသူ ဆလိုင်းဗန်ကျူံးလျန်(ယူကေ)ကပြောပါတယ်။

“ကျွန်တော့်အဓိကဦးတည်ချက်က အခြေခံနဲ့ အလယ်တန်းကျောင်းသားတွေပါ။ မျိုးဆက်သစ်ကလေးတွေကို သမိုင်းနဲ့အတူကြီးထွားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ပထမဆုံးဖတ်လိုက်တဲ့စာက ကျွန်တော်တို့ရဲ့ ရိုးတွင်းချဉ်ဆီထိဝင်သွားတယ်။ ဒါကြောင့် ဒီစာအုပ်ကို သူတို့ပထမဆုံးဖတ်တဲ့စာအုပ်ဖြစ်စေချင်တယ်။ ပြီးတော့ သူတို့က ပိုက်ဆံမရှိသေးတော့ အခမဲ့ပေးလှူရခြင်းဖြစ်တယ်။ တွေ့သမျှကလေးတွေကိုတော့ အကုန်ပေးမယ်”

ဒီစာအုပ်မှာ ဗိုလ်ကြွန်ဘိခ်ရဲ့ အကြောင်းနဲ့ ချင်းတိုင်းရင်းသားတွေရဲ့ သမိုင်းဆိုင်ရာ ရှားပါးဓာတ်ပုံတွေလည်းမြင်တွေ့ခွင့်ရမယ်လို့ဆိုပါတယ်။

ဗိုလ်ကြွန်ဘိခ်(ခ)ဗိုလ်ဆွန်ပက်ဟာ မြန်မာပြည်ရဲ့ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးသမိုင်းမှာ အဓိကအခန်း ကဏ္ဍကပါဝင်ခဲ့တဲ့ ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး  ချင်းတောင်တန်းဒေသမှာ အားလုံးရဲ့ လေးစားအားကိုးခြင်းခံရလို့ “ချင်းမင်းကြီး” ဘွဲ့အမည် ခေါ်ဆိုခံခဲ့ရသူဖြစ်ပါတယ်။

ဗိုလ်ကြွန်ဘိခ်ဟာ ၁၉၁၀ ခုနှစ်မှာ တာရွှန်းရွာမှာ ကွယ်လွန်သွားခဲ့ပြီး ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းတစ်လမ်းကိုလည်း  ဗိုလ်ဆွန်ပက်လမ်းအဖြစ် ဂုဏ်ပြုမှည့်ခေါ်ထားပါတယ်။

အဆိုပါစာရေးသားသူဟာ ချင်းသမိုင်းဆိုင်ရာ စာအုပ်တွေဖြစ်တဲ့ ဖလမ်းမြို့၏ (၁၂၃) နှစ်ပြည့် ခေတ်အဆက်ဆက်ခြေလှမ်းများ၊ ဒုဗိုလ်မှူးကြီး (စည်သူ) ဟရန်ထီးယိုး စာအုပ်တွေလည်း ရေးသားထုတ်ဝေခဲ့ပြီဖြစ်ပါတယ်။

အခုထုတ်ဝေမယ့် စာအုပ်ကို အုပ်ရေ ၅၀၀၀ပုံနှိပ်မှာဖြစ်ပြီး အုပ်ရေ ၄၀၀၀ကိုတော့ အခမဲ့ပေးဝေသွားဖို့ရှိသလို  စာကြည့်တိုက်တွေမှာလည်းလှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။

စာအုပ်မှာယူလိုသူတွေအနေနဲ့ စာရေးသူရဲ့လူမှုကွန်ရက် Facebook- https://www.facebook.com/van.lian ၊ Email [email protected] ဖုန်း-၀၀၄၄၇၈၆၀၆၈၂၄၈၁   ကနေ တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဆလိုင်းလာလ်နွန်အုပ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013