DVB Logo
Home
မြန်မာသတင်း
နယ်ကျွံမြန်မာ အယောက် ၃၀ ထိုင်းတွင် အဖမ်းခံရ
DVB
·
January 27, 2017
နယ်ကျွံမြန်မာ အယောက် ၃၀ ထိုင်းတွင် အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ နယ်ကျွံဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ နဲ့  ခေါ်ဆောင်လာသူ ထိုင်းလူမျိုး ၂ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီခရိုင် ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုအပိုင် လမ်းမကြီးပေါ်မှာ ဇန်န၀ါရီလ ၂၆ ရက်နေ့က စစ်တပ်နဲ့ ရဲ ပူးပေါင်းပါဝင်တဲ့အဖွဲ့ဟာ တာဝန်အရ ယာဉ်သွားယာဉ်လာတွေကို စစ်ဆေးစဉ် ဖူးနမ့်ရွန့်ဘက်ကလာတဲ့ ဟိုင်းလပ်ကား ၂ စီးပေါ်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို ဖမ်းဆီးရမိခဲ့တာလို့ ခရိုင်ကာကွယ်ရေးမှူး နိုင်းယုံးယုဒ် စနိုဖတ်ဒီက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့အားလုံး မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ကို ယာယီလည်ပတ်ခွင့်ရ နယ်စပ် ဖြတ်ကျော်လက်မှတ်တွေ ရှိကြပေမယ့် သတ်မှတ်ဧရိယာထက် ကျော်လွန်ပြီး ၀င်ရောက်လာ တာဖြစ်ကြောင်း၊ ဒါ့အပြင် သူတို့ထဲမှာ အမျိုးသား ၇ ဦး အမျိုးသမီး ၈ ဦးထံကနေ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ပန်းရောင်ကတ်ပါရှိပြီး မြန်မာဘက်ခြမ်းကနေ ပြန်ဝင်လာတဲ့ နယ်စပ်ဖြတ်ကျော် လက်မှတ်နဲ့ အတူတွဲကိုင်တာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့  ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေအားလုံးက သူတို့ဟာ ရာ့ခ်ျပူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲကို ဆက်သွားဖို့ဖြစ်ကြောင်း ၀န်ခံခဲ့ပြီး သူတို့ကို မူရင်းတိုင်းပြည်ပြန်မပို့ခင် လ၀ကဥပဒေအရ အရေးယူဖို့ ခရိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  ခရိုင်ကာကွယ်ရေးမှူးက ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့က မြန်မာအလုပ်သမားတစ်ရာကျော်ဟာ သူတို့နိုင်ငံမှာ နိုင်ငံသားစိစစ်ရေးပြန်လုပ်မယ်ဆိုပြီး ထိုင်းဘက်နေ ဟိုဘက်ခြမ်းကို ကူးသွားကြောင်း၊ ဒါပေမယ့် သူတို့ကိုင်ဆောင်သွားတဲ့ လက်မှတ်အထောက်အထားတွေဟာ အတုဖြစ်တယ်လို့  သတင်းပေးသူက ထပ်မံအကြောင်းကြားလာတဲ့အတွက် ဒီလူတွေ ပြန်ဝင်လာနိုင်မယ့် လမ်းကြောင်းကို စောင့်ကြပ်ရင်း  ဒီအယောက် ၃၀ ကို သပ်သပ်ဖမ်းမိခဲ့တာလို့ နိုင်းယုံးယုဒ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013