DVB Logo
Home
မြန်မာသတင်း
တွေ့ဆုံဆွေးနွေးရေးပျက်ပြားအောင် တပ်မတော်ကလုပ်နေဟု ယူအန်အက်ဖ်စီ ကြေညာ
DVB
·
January 27, 2017
တွေ့ဆုံဆွေးနွေးရေးပျက်ပြားအောင် တပ်မတော်ကလုပ်နေဟု ယူအန်အက်ဖ်စီ ကြေညာ
Donate to DVB

တွေ့ဆုံဆွေးနွေးရေး ပျက်ပြားသွားစေအောင် မြန်မာ့တပ်မတော်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက်မှ ၂၅ ရက်ထိ ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပခဲ့တဲ့ ယူအန်အက်ဖ်စီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးအပြီးမှာ သဘောထား ထုတ်ပြန်လိုက်တာပါ။

တနိုင်ငံလုံးအပစ်ရပ်သဘောတူညီချက် (အန်စီအေ) ရရှိဖို့ ဆွေးနွေးခဲ့ချိန်တလျှောက်လုံးမှာ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဖြစ်စဉ်မှာ ပါဝင်ခဲ့ပေမယ့် လက်မှတ်ရေးထိုးရေးမှာ ပိတ်ပင်ထားတာကြောင့် ယနေ့ထိတိုင် တနိုင်ငံလုံးအသွင်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုအဆင့်သို့ မတက်နိုင်ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကချင်၊ တအာင်း၊ ကိုးကန့်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေ အဖြစ် သတ်မှတ်ဖို့ ရှမ်းပြည်နယ်လွှတ်တော်ကို တပ်မတော်ကိုယ်စားလှယ်တွေက တင်သွင်းအတည်ပြု သွားပြီး အကြမ်းဖက်အဖွဲ့တွေအဖြစ် မြန်မာ့တပ်မတော်အနေနဲ့ တရားဝင် ခေါ်ဝေါ်သုံးစွဲကာ ပိုမိုထိုး စစ်ဆင်နေတာဟာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားသွားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို တရားသော စစ်ထောက်ခံပွဲ လို့ အမည်တပ်ကာ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတာတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပွင့်နေသမျှကာလပတ်လုံး စေ့စပ်ညှိနှိုင်း အဖြေရှာရေး နည်းလမ်းနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်၊ အန်အယ်လ်ဒီ အစိုးရနဲ့ အပြုသဘောဆောင် ချဉ်းကပ်ပြီး ပူးပေါင်းအောင်ရွက်မယ်လို့လည်း သဘောထားကြေညာချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013