DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသားဟောင်းအချို့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ဖွဲ့စည်း
DVB
·
January 27, 2017
ဗကသကျောင်းသားဟောင်းအချို့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ဖွဲ့စည်း
Donate to DVB

ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးအဖွဲ့ကို ကိုကျော်ကိုကိုအပါအ၀င် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်းတချို့နဲ့ စတင်ဖွဲ့စည်း လိုက်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးက မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို မြန်မာဂျာနယ်လစ်စ်ကွန်ရက်ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး နိုင်ငံရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနိုင်ငံရေးကြေညာစာတမ်းထဲမှာ အဖိနှိပ်ခံပြည်သူလူထုဘက်က ရပ်တည်တဲ့ နိုင်ငံရေးအတွေးခေါ် ဦးဆောင်မှုကို ခံယူဖို့၊ သွေးစုပ်ခြယ်လှယ်တဲ့စနစ်မှန်သမျှ ကင်းစင်ဖို့အတွက် တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို ဦးတည်ဖို့နဲ့ လူထုအားကို အဓိကထားတဲ့ နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်း ပြုလုပ်သွားမှာ မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ တပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျော်ကိုကိုက ပြောပါတယ်။

စတင်ထူထောင်ခဲ့ကြတဲ့ ကိုကျော်ကိုကို၊ ကိုမိုးထက်နေ၊ ကိုသီဟ၀င်းတင်၊ ကိုကျော်ကျော်နဲ့ ကိုမျိုးကိုကိုတို့ဟာ စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လူထုလှုပ်ရှားမှု၊ ကျောင်းသား၊ အလုပ်သမားနဲ့ လယ်သမားဆန္ဒပြပွဲတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013