DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် တရက်တည်း တရားမဝင်သစ် ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
January 27, 2017
မုံရွာမြို့တွင် တရက်တည်း တရားမဝင်သစ် ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းမိ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်ဒေသကြီးမုံရွာမြို့မှ  ဇန်နဝါရီ ၂၅ ရက်က ရဲတပ်ဖွဲ့၊ သစ်တောပူးပေါင်းအဖွဲ့က တရက်တည်းနေရာ ၃ နေရာမှ တရားမဝင်သစ်တန်ချိန် ၁၈ တန် ကာလပေါက်ဈေး ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။

ပထမအကြိမ်က ပြည်ထောင်စုလမ်း၊ သာစည်လမ်းမီးပွိုင့်အနီးမှာ ပါဂျဲရိုးကားပေါ်မှ တရားမဝင် ပိတောက်ဓားရွေးတုံးတွေ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနေ့မှာပဲ ဒုတိယအကြိမ်အဖြစ် သတင်းအရ မုံရွာတောင်ရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းစပ်မှာ ဆိုက်ကပ်ထားတဲ့ ဝါးဖောင်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးရာ အင်သစ် ၅ လုံး၊ အင်မျောတိုင် ၁၅ လုံး စုစုပေါင်း ၃.၀၄၆ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

နေ့လယ် ၂ နာရီအချိန်ကလည်း သတင်းအရ ပူးပေါင်းအဖွဲ့က မုံရွာမြို့နယ်၊ ကိုင်းကျေးရွာ အနောက်ဘက် ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားတဲ့ ဝါးဖောင်အား ရှာဖွေရာ ကျွန်းသစ် ၄၈ လုံး၊ ကျွန်းခွဲသားဆိုဒ်စုံ ၃၂၆ ချောင်း၊ ကျွန်းသစ်တိုင် ၁၅ လုံး စုစုပေါင်း ၁၄ ဒသမ ၀၈၆ တန် ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ဖိုးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါဝါးဖောင်ကို ရေစကြိုမြို့နယ် ရွှေချောင်းကျေးရွာက  သန်းဇော်ဌေးနဲ့လှဇော်တို့ထံက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ဇန်နဝါရီလအတွင်းမှာ တရားမဝင်သစ် ဖမ်းဆီးရမိမှုက ၅ ကြိမ်ရှိသွားပြီဖြစ်ပြီး ၄ ကြိမ်မှာ ပိုင်ရှင်နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ တရားမဝင်သစ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို အရင်ကထက် ထိထိရောက်ရောက် ဖမ်းဆီးစစ်ဆေး အရေးယူသွားမယ်လို့ မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ယခုဖမ်းဆီးရမိမှုတွေနဲ့ ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013