DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ၂၀၁၆ ခုနှစ်တွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၄၀ ကျော် သေဆုံး
DVB
·
January 27, 2017
ကလေးမြို့တွင်   ၂၀၁၆ ခုနှစ်တွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၄၀ ကျော် သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှုတွေကြောင့် ကလေးမြို့မှာ လူဦးရေ ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၇၀ ကျော် ရှိခဲ့တယ်လို့ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်သိန်းက ပြောပါတယ်။

"ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုတွေ ကျနော်တို့ အမြဲ ဟောပြော ပညာပေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် တော်တော်များများက မလိုက်နာကြဘူး။ စပ်ပလိုင်းချက် လုပ်တာလည်း ပြည်သူတွေကို နစ်နာစေချင်လို့ မဟုတ်ပါဘူး။ အန္တရာယ်ကင်းပြီး စည်းကမ်းတကျရှိစေချင်လို့ ဖြစ်ပါတယ်။ ဒီလို ယာဉ်စည်းကမ်းပညာပေးမှုတွေ လုပ်နေပေမယ့် ယာဉ်မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေက ဖြစ်နေတယ်။"

ယာဉ်မတော်တဆမှုတွေမှာ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီယာဉ်တွေ ပါဝင်နေပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ ပိုမိုများပြားခဲ့ပါတယ်။

"အဓိက ယာဉ်တိုက်မှုတွေ ဖြစ်တာက မူးပြီး ဖြစ်တာတွေ များတယ်။ မူးပြီး စည်းကမ်းမဲ့ မောင်းတာတွေက မဆိုင်တဲ့သူတွေပါ သေဆုံးခဲ့ရတယ်။ သေတဲ့အထဲမှာ လမ်းဘေးမှာ နေတဲ့ ကလေးတောင် ပါသေးတယ်။ ဒီလို ယာဉ်တိုက်မှုတွေ လျော့ကျဖို့ကတော့ မူးပြီး မမောင်းတာ အကောင်းဆုံးပဲ။ နောက်ပြီး မီးပွိုင့်တွေရဲ့စည်းကမ်းလည်း လိုက်နာဖို့ လိုတယ်" လို့ ကလေးမြို့ဒေသခံ ကိုစန်းငွေက ပြောပါတယ်။

ယာဉ်မတော်တဆမှုများအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း ကားမတော်တဆမှုမှာ ဒဏ်ရာရသူ ၄၅ ဦးနဲ့ သေဆုံးသူ ၁၉ ဦး၊ ဆိုင်ကယ်မတော်တဆမှု ဒဏ်ရာရသူ ၁၃၁ ဦးနဲ့ သေဆုံးသူ ၂၅ ဦး၊ ထော်လာဂျီကြောင့် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၇၆ ဦးနဲ့ သေဆုံးသူ ၄၄ ဦးထိ ရှိခဲ့ပါတယ်။ အမျိုးသား ၁၇၆ ဦးနဲ့ အမျိုးသမီ ၂ ဦးကိုလည်း တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013