DVB Logo
Home
မြန်မာသတင်း
ကချင်တမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို ကျင်းပ
DVB
·
January 26, 2017
ကချင်တမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို ကျင်းပ
Donate to DVB

လာမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ ကချင်တိုင်းရင်းသားတွေဘက်က ညီညွတ်သောသဘော ထားတွေနဲ့  တသံတည်း တင်ပြဆွေးနွေးနိုင်ဖို့  ကချင်နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့တွေဟာ မြစ်ကြီးနားမြို့  စီတာပူမနောကွင်း မဂျွယ်ခန်းမဆောင်မှာ မနေ့က နဲ့ ဒီကနေ့ ၂ ရက်တာ ကျင်းပနေပါတယ်။

အဓိကအားဖြင် ကချင်တမျိုးသားလုံးအနေနဲ့  ရှေ့အနာဂတ် နိုင်ငံရေးကို ဘယ်လိုစနစ်နဲ့ ကျင့်သုံးမလဲ၊  ကချင်ပြည်နယ် ဖွဲ့စည်းပုံပေါ်ပေါက်ရေး နဲ့ ဖက်ဒရယ်ဆိုင်ရာအကြောင်းတွေ ဆွေးနွေး တင်ပြပြီး  အသင့်တော်ဆုံးအဖြေတစ်ခုကို သဘောထားရယူဖို့ဖြစ်တယ်လို့  ဆွေးနွေးပွဲဦးဆောင်သူ ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (ကေပီစီစီ) မှ ဒေါက်တာတူးဂျာက ဒီဗွီဘီကို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့ အဓိကကတော့၊ အာဏာခွဲဝေရေးပေါ့။ ဗဟိုအဆင့်မှာ ဘာတွေ ခွဲဝေပေး သင့်သလဲ။ ပြည်နယ်အဆင့်မှာ ဘာတွေ ခွဲဝေသင့်သလဲ။ အဲဒီခေါင်းစဉ်တွေရေထားပြီး   တက်ရောက် လာတဲ့ကိုယ်စားလှယ်တွေကို ဆွေးနွေးခိုင်းပါတယ်။ အဲဒီကထွက်လာတဲ့ သဘောထားအမြင်တွေ စုဆောင်းပြီးတော့မှ  ဘာအသင့်တော်ဆုံးလဲဆိုတာကို နောက်ဆုံးအတည်ပြုရ ယူသွားဖို့ ရှိတယ်။ ဒါကြောင့်မို့လို့ ကချင်ပြည်သူလူထုရဲ့ သဘောထားအမှန်ပေါ်ထွက်လာရေးကို ရှေးရှုတဲ့အတွက် ကြောင့် အခုလို ကျင်းပရခြင်းဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ ကေဘီစီစီထဲပါဝင်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့အပြင် ကချင်ဥပဒေပညာရှင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေပါ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ  ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးမပြည့်စုံသေးတဲ့အတွက် အခုလို အမျိုးသား အဆင့်ဆွေးနွေးပွဲအကြိုပွဲတွေကို လာမယ့်ဖေဖော်ဝါရီလ တမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအမီ နောက်ထပ်ဆက်လက် ကျင်းပဖို့ရှိနေတယ်လို့ ဒေါက်တာတူးဂျာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013