DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပျက်စီးသွားသည့် ပုဂံဘုရားများအနက် ၂၀၀ ကျော် ပြုပြင်ရန်ကျန်သေး
DVB
·
January 26, 2017
ငလျင်ကြောင့် ပျက်စီးသွားသည့် ပုဂံဘုရားများအနက် ၂၀၀ ကျော် ပြုပြင်ရန်ကျန်သေး
Donate to DVB

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းအဆောက်အအုံတွေကို မူလပျက်ပုံအတိုင်း ပြုပြင်သွားမှာ ဖြစ်ပြီး ပျက်စီးခဲ့တဲ့ ဘုရားပေါင်း ၄၀၀ နီးပါးအနက် ပြုပြင်ဖို့ ၂၀၀ ကျော် ကျန်သေးတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ပြောပါတယ်။

ဇန်န၀ါရီလ ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ပုဂံခရီးစဉ်မှာ ငလျင်ဒဏ်ခံရှေးဟောင်းဘုရားတွေ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်ပြခဲ့တာပါ။

ပုဂံဧရိယာဟာ ၄၂ ကီလိုမီတာစတုရန်အတွင်းမှာ ရှေးဟောင်းဘုရားပုထိုးအဆောက်အအုံပေါင်း ၃၁၂၂ ခု ရှိပြီး ၂၀၁၆ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရားစေတီစုစုပေါင်း ၃၈၉ ဆူရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ်၊ ဦးကျော်ဦးလွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြခဲ့ပါတယ်။

ထီးတော်နဲ့ ခရေသီးအပိုင်း ပျက်စီး ၃၆ ဆူ၊ ဖောင်းရစ်အပိုင်းအထိ ပျက်စီး ၂၉ ဆူ၊ အထွဋ်စေတီ အပိုင်းအထိ ပျက်စီး ၂၃၉ ဆူ၊ ကွမ်းတောင်၊ ခေါင်းလောင်းပိုင်းအထိ ပျက်စီး ၁၇ ဆူ၊ အခြား ၆၈ ဆူ ဖြစ်ပေမယ့် အသေး အမွှားထိခိုက်ပျက်စီးတာ ၂၀၀ ကျော်ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်္ဂါစုံပြုပြင်ပြီး ၁၀၆ ဆူ၊ ထိန်းသိမ်းပြီး ၁၉ ဆူ၊ ဆောင်ရွက်ဆဲ ၂၄ ဆူဖြစ်ပြီး ဆောင်ရွက်ရန်ကျန် ၂၄၀ ဆူဖြစ် ပါတယ်။ အရေးပေါ်ကာကွယ်ထိန်းသိမ်းမှုလုပ်ခဲ့ရတဲ့အနေအထားနဲ့ နံရံဆေးပန်းချီရှိတဲ့ ရှေးဟောင်းဘုရား ၄၆၅ ဆူရှိတဲ့အနက် ၅၆ ဆူက တော်တော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ နံရံပန်းချီ ထိန်းသိမ်းရေးအတွက် ပြည်ပပညာရှင် လိုအပ်ပါတယ်။ ကျနော်တို့ဌာနမှာ လေ့ကျင့်ထားတဲ့ ၀န်ထမ်း ၁၄ ဦးပဲရှိပါတယ်။ ထိခိုက်ပျက်စီးတဲ့ဘုရား ၅၆ ဆူဖြစ်တဲ့အတွက် တချို့ဘုရားတွေဟာ ထိခိုက်ပျက်စီးမှုများတဲ့အတွက် ပြည်ပပညာရှင် ၁ ဦး သို့မ ဟုတ် ၂ ဦး ငှားရမ်းလေ့ကျင့်ပေးပြီး ဆောင်ရွက်ဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးကျော်ဦးလွင်က ပြောပါတယ်။

ငလျင်ပြီးကတည်းက ယူနက်စကိုကပညာရှင်တွေ၊ ပြည်တွင်းပြည်ပပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်း တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ယူနက်စကိုရဲ့ နိုင်ငံတကာမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းတဲ့လုပ်ငန်းဟာ အချိန်ယူဆောင်ရွက်ရတဲ့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက် အအုံတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတာမှာ ရေရှည်ကြံ့ခိုင်ဖို့ ရည်ရွယ်ပြီး အချိန်ယူကာ မူလပျက်ပုံအတိုင်း ပြုပြင်ထိန်းသိမ်းရေးကို အဓိကထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကိုးကွယ်ယုံကြည်မှုရှုထောင့်အရလည်း စေတီပုထိုးဂူဘုရားတွေ ထိန်းသိမ်းရေးအတွက် မူဝါဒတွေ ချမှတ်ဆောင်ရွက်တယ်လို့ ပြောပါတယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း ဦးစားပေးအဆင့်တွေ ခွဲခြားပြီး ယူနက်စကိုရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှေးဟောင်းမူအတိုင်းလည်း ထိန်းသိမ်းရေးဆောင်ရွက်ပြီးတော့ နှစ်အလိုက် ၄ နှစ် စီမံကိန်း ဆွဲပြီး ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013