DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇဘဏ်နှင့် ဗီဇာကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ အကြွေးဝယ်ကတ် ထုတ်
DVB
·
January 26, 2017
ကမ္ဘောဇဘဏ်နှင့် ဗီဇာကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ အကြွေးဝယ်ကတ် ထုတ်
Donate to DVB

မြန်မာနိုင်ငံမှာ အကြွေးနဲ့ဝယ်တဲ့ ငွေပေးချေမှုစနစ် Credit Card ကို ကမ္ဘောဇဘဏ်နဲ့ ဗီဇာကတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ထုတ်ဝေလိုက်ပါတယ်။

ကမ္ဘာတဝန်းမှာရှိတဲ့ လက်လီအရောင်းဆိုင်ပေါင်း သန်း ၄၀ ကျော်မှာ သုံးစွဲနိုင်မယ့် ခရက်ဒစ်ကတ် ၂ မျိုးကို ကမ္ဘောဇဘဏ်နဲ့ ဗီဇာကတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ထုတ်ဝေလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ နိုင်ငံတကာငွေပေးချေမှုစနစ်ကို သုံးစွဲခွင့် ရတာဖြစ်တဲ့အပြင် လာမည့်နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုစနစ်ဟာ အီလက်ထရွန်းနစ်စနစ်ကို ကူးပြောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လမ်းညွှန်မှုတွေအောက်ကနေ Card less Society တွေဖြစ်ဖို့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို အင်နဲ့အားနဲ့အပြည့် လုပ်ဆောင်ပေးနေတာပါ။ ဒီအတိုင်းသာ တိုးတက်လာတဲ့ တိုးတက်မှုတွေနဲ့ ဗဟိုဘဏ်ရဲ့ နည်းဥပဒေ ဖြေလျှော့မှုတွေ၊ ခွင့်ပြုမှုတွေနဲ့ ကြည့်မယ်ဆိုရင် မကြာတော့တဲ့ အချိန်ကာလမှာ တဖြည်းဖြည်းနဲ့ Card Society ကနေ Card less Society ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ သိသိသာသာ ပြောင်းလဲလာလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောပါတယ်။

နိုင်ငံတကာမှာ သုံးစွဲနိုင်တဲ့ ခရက်ဒစ်ကတ်ကို ဝင်ငွေရဲ့ သုံးဆအထိကို ကြိုတင်သုံးစွဲ နိုင်မှာဖြစ်ပြီးတော့ ၄၅ ရက်အတွင်းမှာ ငွေပြန်သွင်းရင် အတိုးမပေးရပါဘူး။ ဝန်ဆောင်မှုအလိုက် ပလက်တီနမ်နဲ့ ကလက်စစ်ဆိုပြီး နှစ်မျိုးခွဲခြားထားပြီးတော့ နှစ်စဉ်ကြေးတွေလည်း ကွာခြားနေတာ ဖြစ်ပါတယ်။

လတ်တလော ပြည်တွင်းမှာ ကမ္ဘောဇဗီဇာကတ်နဲ့ ငွေပေးချေနိုင်တဲ့ ဆိုင်ပေါင်း ၇၀၀၀ လောက်ရှိနေတဲ့အပြင် ပိုမိုတိုးတက်လာနိုင်တယ်လို့ ဗီဇာကုမ္ပဏီက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာပဲ ဗီဇာကတ်နဲ့ ငွေချေလို့ရတဲ့လုပ်ငန်းတွေကို အလျင်အမြန် ချဲ့ထွင်သွားမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွာေးရးတိုးတက်မှုနဲ့အတူ ဗီဇာရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးချဲ့နေပါတယ်” လို့ VISA ကတ်ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ Mr.Arturo Planell က ပြောပါတယ်။

ခရက်ဒစ်ကဒ်ကနေ ငွေထုတ်ယူရင်တော့ ATM စက်တွေမှာ ထုတ်ယူရမှာဖြစ်ပြီး၊ ခွင့်ပြုထားတဲ့ ငွေပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ငွေသားထုတ်ယူနိုင်မှာပါ။

ကမ္ဘောဇဘဏ်အပြင် CB ဘဏ်ကလည်း ခရက်ဒစ်ကတ်တွေကို ဗီဇာနဲ့ ပူးပေါင်းထုတ်ဝေနေတာပါ။

အခုလ ၁၁ ရက်နေ့က ဗဟိုဘဏ်က နိုင်ငံတကာ ငွေပေးချေမှုလုပ်ငန်းတွေကို ပြည်တွင်းမှာ လုပ်ပိုင်ခွင့်ပေးခဲ့တာကြောင့် ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေက အလျင်အမြန် ငွေပေးချေမှုစနစ်တွေကို အဆင့်မြှင့်တင်နေတာပါ။

ဒီခရက်ဒစ်ကတ်ကို အသက် ၂၁ နှစ်ပြည့်ပြီး၊ ဝင်ငွေသုံးသိန်းနဲ့အထက် ရှိသူတိုင်းဟာ ကတ်ဝန်ဆောင်မှုကို ရရှိနိုင်မှာပါ။

ပြည့်ဖြိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013