DVB Logo
Home
မြန်မာသတင်း
အလုံဆိပ်ကမ်းတွင် ကွန်တိန်နာနှင့် ပြည်ပတင်ပို့မည့် ကျွန်းသစ် ၃၃ တန်ကျော် ဖမ်းမိ
DVB
·
January 26, 2017
အလုံဆိပ်ကမ်းတွင် ကွန်တိန်နာနှင့် ပြည်ပတင်ပို့မည့် ကျွန်းသစ် ၃၃ တန်ကျော် ဖမ်းမိ
Donate to DVB

ရန်ကုန်မြို့ အလုံဆိပ်ကမ်းမှာ ကွန်တိန်နာထဲ ကျွန်းသစ် ၃၃ တန်ကျော်ထည့်ပြီး ပြည်ပတင်ပို့ဖို့ လုပ်နေတုန်း သက်ဆိုင်ရာက တွေ့ရှိလို့ တရားခံတွေကို ရဲက စစ်ဆေးအရေးယူလိုက်ပါတယ်။

ဇန်န၀ါရီ ၂၄ ရက်က သစ်တောဦးစီးဌာနက တိုင်းညွှန်ကြားရေးမှူး ဦးသိန်းတိုးနဲ့ အဖွဲ့ဟာ သတင်းအရ အလုံမြို့နယ် ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်းအတွင်းသို့ ၀င်ရောက်စစ်ဆေးခဲ့ရာက ကျွန်းသစ်ခွဲသား ၃၃တန်ကျော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျွန်းသစ်ခွဲသားတွေကို ပြည်ပတင်ပို့ဖို့ ရုံးလုပ်ငန်းလုပ်ဆောင်ခဲ့သူဟာ အင်းစိန်မြို့နယ်နေ မခင်ချောမြင့် ဆိုသူဖြစ်ပြီး သူ့ကို ဦးဝင်းကြိုင် ဆိုသူက ကွန်တိန်နာတလုံးကို ငွေကျပ် ၁၂၀၀၀၀ ပေးပြီး ခိုင်းခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်အရ ပဲမျိုးစုံနှင့်သစ်ရောင်းဝယ်ရေးကုမ္ပဏီတခုက မန်နေဂျင်းဒါရိုက်တာဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးနိုင်မင်းစိုး ဆိုသူက ဦးဝင်းကြိုင်ကို ပိုက်ဆံပေးပြီး ခိုင်းခဲ့ကြောင်း တွေ့ရှိရပါတယ်။

တခါ တရားမ၀င် ကျွန်းသစ်ခွဲသားများ ထည့်သွင်းထားတဲ့ ကုန်သေတ္တာ ၂ လုံးအား ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများနှင့် အကောက်ခွန်လုပ်ငန်းများကို အဓိကပါဝင်လုပ်ဆောင် ပေးခဲ့သူမှာ ပွဲစားဖြစ်သူ ဦးအာကာဗိုလ် ဖြစ်ပြီး ဦးနိုင်မင်းစိုး၊ ဦးအာကာဗိုလ်နဲ့ မခင်ချောမြင့်တို့ကို ရဲက ဖမ်းထားပါတယ်။

ဦးဝင်းကြိုင် ဆိုသူက ရှောင်တိမ်းထွက်ပြေးနေပြီး ဖမ်းမိထားသူ ၃ဦးကို ရဲက သစ်တောဥပဒေပုဒ်မ ၄၃(က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013