DVB Logo
Home
မြန်မာသတင်း
ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး ကလေးခရိုင် အရပ်ဘက်အဖွဲ့များ ဆွေးနွေး
DVB
·
January 25, 2017
ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး ကလေးခရိုင် အရပ်ဘက်အဖွဲ့များ ဆွေးနွေး
Donate to DVB

လာမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး အခန်းကဏ္ဍမှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ခွင့်ရရေး ကလေးခရိုင် အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးပွဲတရပ်ကို ဒီနေ့ နေ့လယ် ၁ နာရီက ကလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ အစည်းအဝေးက လာမယ့် ၂၁ ပင်လုံမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး ကြိုတင်ဆွေးနွေးပြီး ခရိုင်ကိုယ်စားလှယ် ရွေးချယ်ကြမှာပါ။ ကလေးခရိုင်အနေနဲ့ ၅ ဦး ရွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီကမှ တိုင်းအဆင့် ပြည်နယ်အဆင့် ကိုယ်စားလှယ်တွေ ပေါင်းစုပြီး လူအင်အား ၅၀၀ ပါမယ့် အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားလှယ်တွေစု ဖိုရမ်ကျင်းပပြီး လုပ်ငန်းစဉ်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်” လို့ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက် ဒါရိုက်တာ ကိုကျော်သက်ဝင်းက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်အတွက် စစ်ကိုင်းတိုင်းအဆင့်ကို ကော်မတီ ၅ ဦးအပါအဝင် ၄၆ ဦး ရွေးချယ်သွားမှာ ဖြစ်ပြီး တိုင်းအဆင့် ဆွေးနွေးပွဲတွေကိုတော့ မုံရွာမြို့မှာ ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ပြောသလောက် မလွယ်တဲ့ ခက်ခဲတဲ့ အကြောင်းတရပ် ဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အစိုးရနဲ့ ပြည်သူတွေ အားလုံးဟာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်ပါတယ်။ ဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အတန်းအစားအစုံ ပါဝင်သင့်တယ်။ ခုလို အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ခွင့် ဆွေးနွေးခွင့်လည်း ရစေချင်တယ်” လို့ ဆွေးနွေးပွဲ လေ့လာသူ တဦးက ဆိုပါတယ်။

လာမယ့် မေလအကုန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကျင်းပနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လမ်းညွှန်ထားခဲ့ပြီး ဦးနိုင်ငံလင်းကိုယ်တိုင် ဦးဆောင်ကာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး အလုပ်အကိုင် အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီေ ပြုလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်နိုင်ရေး ကလေးခရိုင် အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားလှယ်ရွေးပွဲနဲ့ ဆွေးနွေးပွဲကို ကလေးခရိုင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။
သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013