DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ
DVB
·
January 25, 2017
ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဖြူးမြို့နယ်ကနေ တင်ဆောင်လာတဲ့ တရားမဝင်ကျွန်းခွဲသားတွေကို ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီလောက်က ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်းအရ ဒုရဲမှူးဦးဇော်မိုး၊ သစ်တောဦးစီးမှူး ဦးတင်စိုးတို့ ပူးပေါင်းအဖွဲ့က မြို့မ ရဲစခန်းရှေ့မှာ စောင့်ဆိုင်းရှာဖွေခဲ့ရာ ဖြူးဘက်ကနေ ရန်ကုန်ကို ယာဉ်မောင်း ကိုတင်မြင့်ဝင်း မောင်းနှင်လာတဲ့ (ဟွန်ဒိုင်း MDY-4M-7247) ယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ တရားမဝင်ကျွန်းခွဲသား ၈၀ ချောင်း ၀ ဒသမ ၉၀၀၀ တန်၊ ကာလတန်ကြေး ၆ သိန်း ၇ သောင်း ၅ ထောင် ကို ဖမ်းဆီးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ မြို့ နယ်သစ်တောဦးစီးရုံးမှ သိရပါတယ်။

ဒုရဲအုပ်ကြည်လွင်က “သစ်တောဦးစီးကနေ သစ်ကားတစီး ဖြတ်သွားတယ်လို့ ရဲစခန်းကို အကြောင်းကြားလို့ ရဲကနေပြီးတော့ ကားနံပါတ်နဲ့ ကားအမျိုးအစားကိုကြည့်ပြီးတော့ တားတယ်။ ကျွန်းသစ်တွေ တင်လာတာတွေ့ရတယ်။ သစ်တောက တရားလိုပြုလုပ် အမှုဖွင့်ပြီး ရဲစခန်းမှာ စစ်ဆေးဆောင်ရွက်သွားမှာပါ” လို့ ဒီဗွီဘီ ပြောပါတယ်။

အဆိုပါ တရားမဝင် ကျွန်းခွဲသားများကို တင်ဆောင်လာသူအား ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013