DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးတွင် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ ရှင်းလင်း
DVB
·
January 25, 2017
Donate to DVB

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းကနေ မဲရလဒ်ရေတွက်မှုဖြစ်စဉ်အထိ ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုတွေကို ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ PACE အဖွဲ့မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကိုစိုင်းရဲကျော်စွာမြင့် က ဇန်နဝါရီလ ၂၅ ရက်နေ့က Park Royal Hotel တွင် မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ စောင့်ကြည့်လေ့လာသူ ၆၀၀ ကျော်ဖြင့် ရွေးကောက်ပွဲကျင်းပမယ့် ၂၂ မြို့နယ်မှာ စောင့်ကြည့်လေ့လာသွားမယ်လို့ သူက ပြောပါတယ်။

မဲစာရင်းထုတ်ပြန်မှုအခြေအနေ မဲဆွယ်စည်းရုံးရေးကာလ အခြေအနေတွေအပြင် ရွေးကောက်ပွဲကာလ ဖြစ်စဉ်တခုလုံးကိုလည်း ခြုံငုံပြီး အစီရင်ခံစာတွေ ထုတ်ပြန်သွားမယ်လို့ PACE အဖွဲ့ဝင် ကိုဟန်စိုးထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပေမယ့် သတင်းအချက်အလက် မျှဝေမှုပိုင်းဆိုင်ရာမှာတော့ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013