DVB Logo
Home
မြန်မာသတင်း
မဲရုံတာဝန်ရှိသူများ ဥပဒေ၊ နည်းဥပဒေများကို ပိုမိုသိရှိစေရန် သင်တန်းပို့ချ
DVB
·
January 25, 2017
Donate to DVB

နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇန်န၀ါရီလ ၂၅ ရက်နေ့က မဲရုံမှူး ဒုမဲရုံမှူး ကိုယ်စားလှယ် ၄၀ ကျော်ကို သင်တန်းပို့ချပေးခဲ့ပြီး ၂ ရက်ကြာ ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းကို ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ သြစတြေးလျ ရွေးကောက်ပွဲကော်မရှင်တို့က ပူးပေါင်း ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို မြို့နယ် ၂၂ မြို့နယ်က လစ်လပ်နေရာ ၁၉ နေရာအတွက် ကျင်းပတာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၂ ထောင်ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲရုံစောင့် မဲရုံမှူး ဆင့်ပွားသင်တန်းတွေကို သင်တန်သား ဦးရေ ၄၀၀၀ ကို သင်ကြားပို့ချပေးနေ တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးက ပြောပါတယ်။

“ကျနော်တို့ လွတ်လပ်ပြီး အများယုံကြည်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဟာ ကျနော်တို့ဟာ ဒီမဲရုံမှူးတွေဟာ လုပ်ငန်းကို တိတိကျကျနဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးမယ့် ဦးရေဟာ ၂ ဒသမ ၁၅ သန်း ရှိပါတယ်။ ကိုယ်နဲ့ ထိတွေ့ဆောင်ရွက်တဲ့နေရာမှာ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ဖြစ်ဖို့ ဒီလုပ်ငန်းတွေကို အစီအစဉ် စနစ်တကျနဲ့ကို ကိုယ်တိုင်သိရှိထားမှာ လုပ်ငန်းက အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်တန်းကို ပို့ချခြင်း ဖြစ်ပါတယ်”လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲရုံမှူးလက်စွဲစာအုပ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ပြီး ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လက်စွဲစာအုပ်ကို အသစ်ထပ်မံဖြည့်စွက် ပြုပြင်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013