DVB Logo
Home
မြန်မာသတင်း
၈၆ နှစ်အရွယ် သံဃာတော်အား ရိုက်နှက်ပြီး ကားနှင့်ပစ္စည်းများ လုယူသွားသူ နှစ်ဦးကို ဖမ်းမိ
DVB
·
January 25, 2017
၈၆ နှစ်အရွယ် သံဃာတော်အား ရိုက်နှက်ပြီး ကားနှင့်ပစ္စည်းများ လုယူသွားသူ နှစ်ဦးကို ဖမ်းမိ
1 / 8
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့က ဘုန်းကြီးကျောင်းတကျောင်းမှာ ၈၆ နှစ်အရွယ် ဆရာတော်ကို ရိုက်နှက်ပြီး အနုကြမ်းစီး ကားယူထွက်ပြေးသွားတဲ့ လူငယ်နှစ်ဦးကို ဇန်န၀ါရီ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းက ပြောပါတယ်။

“တစ်ယောက်ကလမင်းထွန်း (ခ) မင်းမင်းဆိုတဲ့ကောင်ကို မြ၀တီမှာ သူတို့မိပြီးသားလို့သိရတယ်ဗျ။ သူကနေပြီးတော့မှ ကျနော်တို့ဆီကကောင်လေး ပါတယ်ဆိုပြီးတော့မှ ဖော်လို့နဲ့ တူပါတယ်။ အဲဒီတောင်ငူအမှတ် ၂ ရဲစခန်းက ကျနော်တို့ကို ဖမ်းပေးဖို့ ပြောလို့ ဖမ်းပေးလိုက်တယ်။ ဘောလုံးကွင်းထဲမှာမိတာ၊ ကျနော်တို့ ဖမ်းပြီးတော့ တောင်ငူကိုထည့်ပေးလိုက်ပြီ။ ကညွတ်ကွင်းမြို့ကကောင်လေးက ကျော့ချင်းမောင်တဲ့၊ ဗိုလ်တဲပိုင်းမှာနေတာဗျ။ အဓိကတရားခံတော့ မြဝတီမှာမိတဲ့ကောင်လေ၊ ရိုက်တာလည်း အဲကောင်ပဲလို့ ကျော့ချင်းမောင်က ပြောတယ်။ မြ၀တီမှာမိတဲ့ မင်းမင်းက သူ့ကို ငွေသုံးသောင်းနဲ့ မိုက်နှစ်လုံးပေးခဲ့တယ်လို့ ပြောတယ်၊ မိုက်နှစ်လုံးတော့ သက်သေခံပြစ္စည်းအဖြစ် သိမ်းလိုက်ပြီ။ သူ့ကိုလည်း အမှတ် ၂ စခန်းက ခေါ်သွားတာကြာပြီ" လို့ ဖမ်းဆီးရာမှာပါဝင်တဲ့ ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်စည်သူထက်က ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၁ ရက် မနက်ပိုင်းက တောင်ငူမြို့ ၆ ရပ်ကွက်ရှိ မြတောင်ဘုန်းကြီးကျောင်းတိုက်အပေါ်ထပ်မှာ သက်တော် ၈၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးတိက္ခ၀ံသ ဆရာတော်တပါးထဲရှိနေစဉ် ကျော့ချင်းမောင်နဲ့ မင်းမင်းတို့ ရောက်လာကာ ဆရာတော်အား ချုပ်နှောင်ပြီး ဦးခေါင်းကို အမည်မသိလက်နက်တခုနဲ့ ရိုက်နှက်ကြောင်း၊ ဒီနောက် ဆရာတော်ရဲ့ အခန်းအတွင်းဝင်ကာ ပစ္စည်းများမွှေနှောက်ယူဆောင်ပြီးနောက် ကျောင်းတိုက်ဝင်းအတွင်းက ကားတစီးကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အနုကြမ်းစီးခံရမှုဖြစ်စဉ်ကြောင့် မြတောင်ကျောင်းတိုက်ဆရာတော် နောက်စေ့နားမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်အား တောင်ငူမြို့၊ အမှတ် ၂ နယ်မြေရဲစခန်းမှ (ပ) ၆၃ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013