DVB Logo
Home
မြန်မာသတင်း
YBS ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ
DVB
·
January 25, 2017
YBS ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူ
Donate to DVB

သာကေတမြို့နယ်မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က YBS ယာဉ်လိုင်း ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူကို အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၂၄ ရက်နေ့ ညနေပိုင်းလောက်မှာ  သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းနဲ့ န၀ရတ်လမ်းဆုံ ကားကြီးဂိတ်မှတ်တိုင်အနီးမှာ စိုက်ထူထားတဲ့ YBS မော်တော်ယာဉ်လိုင်း ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား အမျိုးသားတဦးက ရိုက်ချိုးဖျက်ဆီးနေကြောင်း သတင်းအရ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သွားရောက်စစ်ဆေးရာမှာ သင်္ဃန်းကျွန်းမြို့နယ်နေ သီဟဇော် (၃၃) နှစ်ဟာ အရက်သေစာသောက်စားမူးယစ်ကာ YBS မော်တော်ယာဉ်လိုင်း ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ခြေထောက်နဲ့ ကန်ကြောက် ဖျက်ဆီးခဲ့လို့ ဆိုင်းဘုတ်ကန့်လန့်ဖြတ် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း တွေ့ရှိခဲ့ရတာ တွေ့ရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

လမ်းညွှန်ဆိုင်းဘုတ်အား ပျက်စီးအောင်ပြုလုပ်တဲ့ သီဟဇော်ကို သာကေတနယ်မြေရဲစခန်းက (ပ)၇၁/၂၀၁၇၊ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ- ၆(၁) နဲ့ ဖမ်းဆီး အရေးယူဆောင်ရွက်နေကြောင်း၊ အခုလို YBS ယာဉ်လိုင်းတွေ ပြေးဆွဲဆောင်ရွက်နေမှုအပေါ် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်တွေအား မလျော်ကန်ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့သူတွေကို ရဲတပ်ဖွဲ့က ထိရောက်စွာ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013