DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဘီလီယံကျော်ရရှိ
DVB
·
January 25, 2017
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဘီလီယံကျော်ရရှိ
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနီးမြှုပ်နှံမှုပမာဏဟာ အခုဘဏ္ဍာနှစ်ရဲ့ လျာထားချက် အတိုင်း အမေရိကန် ဒေါ်လာသန်း ၆၀၀၀ ပြည့်မီသွားပြီလို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “၆ ဒသမ ၀၀၆ ဘီလီယံ ဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၆၀၀၆ ဒသမ ၁၀၃ သန်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မူလလျာထားချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံက ပြီးခဲ့တဲ့အစည်းအဝေးနဲ့ ဒီကနေ့ နောက်ဆုံးအခြေအနေမှာ ပြည့်မီသွားပြီဖြစ်ပါတယ်။ ကျနော်တို့ ရှေ့လျှောက် ဆက်လက်ခွင့်ပြုသွားမယ့် ပမာဏများသည် ရည်မှန်းချက်ကို ကျော်လွန်ဆောင်ရွက်သွားမယ့်ပမာဏ ဖြစ်တယ်ဆိုတာကို ကျနော့်အနေနဲ့ အားလုံး အသိပေးတင်ပြလိုပါတယ်” လို့ပြောပါတယ်။

အဲဒီပမာဏဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟောင်းအရ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။  မကြာခင်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ ကိုတော့ နည်းဥပဒေတွေ ပြင်ဆင်နေဆဲဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် အစပိုင်းလတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်မှု နည်းပါးခဲ့ပေမယ့် အခုချိန်မှာတော့ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတယ်လို့သိရပါတယ်။

လက်ရှိအချိန် ကော်မရှင်ဆီ လာရောက်လျှောက်ထားတဲ့ လုပ်ငန်းတွေကိုတော့ ဥပဒေအသစ်နဲ့ စိစစ်ခွင့်ပြုနေပြီး လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးဖို့ ၂ လလောက် ကျန်နေသေးတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဝင်ရောက်နိုင်တယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။

အရင်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၈၀၀၀လာက် ပြည်တွင်းကို ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိရရှိထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၆၀၀၀ ထဲမှာ စင်ကာပူနိုင်ငံက ဒေါ်လာ သန်း ၂၆၀၀ နဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပါတယ်။

ပြည့်ဖြိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013