DVB Logo
Home
မြန်မာသတင်း
ဇီးယို ရှောက်ပေါင်း အပါအ၀င် အမှတ်တံဆိပ် ၁၈ မျိုး စားသုံးရန်မသင့်ဟု ကြေညာ
DVB
·
January 25, 2017
ဇီးယို ရှောက်ပေါင်း အပါအ၀င် အမှတ်တံဆိပ် ၁၈ မျိုး စားသုံးရန်မသင့်ဟု ကြေညာ
1 / 12
Donate to DVB

 

ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချတဲ့ ဇီးယို၊ ရှောက်ပေါင်းတို့ အပါအ၀င် အစားအသောက် အမှတ်တံဆိပ်  ၁၈ မျိုးမှာ ခွင့်မပြုဆိုးဆေးတွေပါလို့ စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ၀ယ်ယူစစ်ဆေးခဲ့ရာမှာ အဲ့ဒီ ၁၈ မျိုးမှာ ခွင့်ပြုမထားတဲ့ ဆိုးဆေးသုံးထားတာတွေ့လို့ အခုလို အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝမ၀ ဇီးယို၊ ပြိုင်ရှား ရှောက်ပေါင်းအစပ်၊ စူပါ ဆေးမန်းကျည်းနဲ့ ရောင်စုံသကြားလုံး၊ ပြည့်ဝ သစ်သီးအရသာစုံ မရမ်း၊ သရက်၊ မက်မန်း၊ ရွှေဇီးကွက် ငရုပ်ဆီ စတဲ့ အစားအသောက် ၁၈ မျိုးမှာ 0range II၊ ရိုဒါမင်း ဘီ စတဲ့ ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများဟာ ခွင့်မပြုဆိုးဆေးတွေသုံးပြီး အစားအသောက် တွေ မထုတ်လုပ်ကြဖို့နဲ့ ရောင်းချခြင်းမလုပ်ကြဖို့ ကျန်းမာရေးဋ္ဌာနက သတိပေးလိုက်ပြီး ထုတ်လုပ်ရောင်းချခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ အသိပေးကြေညာထား ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013